Professional Authors

နယ်စပ်ဒေသ

နေ့နဲ့ ညကြားမှာ
တစ်စက္ကန့်ပဲ ခြားတယ်။

တစ် ဒီဂရီနဲ့
သုံးရာ့ခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ
လေတဝှေ့ပဲ ခြားတယ်။

အပြာနဲ့အစိမ်းကြားမှာ
အဝါတစ်စက်ပဲ ခြားတယ်။

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင် တစ်ခက်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်းကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ဆိုတာ
လွယ်လွယ်ကလေးပါ။ ။  

In: ကဗျာ,မင်းလူ Posted By: Date: Jan 2, 2013
Comment #1

Great

commentinfo By: ei lay at Jan 2, 2013
Comment #2

အချစ်နဲ့ အမုန်းကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

commentinfo By: မေပျို at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment