Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

ဇေယျာလင်းအရေးအသားလိုမိန်းမ (အောင်ရင်ငြိမ်း)

အနေအထိုင် မတတ်သူ
စာရွက်လှန်လိုက်မိတာက ငါ့အမှား
အဓိပ္ပါယ် ရွဲ့စောင်းလို့
ဝမရှိပဲဝိလုပ်ချင်တဲ့ ရုပ်တု
မင်းဟာ .. ငါမကြိုက်တော့တဲ့ ကဗျာ
ငါမကိုးကွယ်နိုင်တဲ့ ဘာသာရေး
ရှင်ပြောတော့ ကျွန်မကရှင်မဖွဲ့နွဲ့နိုင်တဲ့ သင်္ကေတဆို
ငါ
ဆွဲဆောင့်လိုက်ရရင် ပွင့်ထွက်သွားတော့မယ်
ပြောင်းလဲခြင်းဟာ အမှန်တရား
အနိစ္စကို စာလုံးမှန်အောင် မပေါင်းတတ်ဘဲ
နထ္ထိဝါဒအကြောင်း လာမပြောနဲ့
အချစ်မရှိဘူးဆိုရင် ကျွန်မသတ်သေလိုက်တော့မယ်
ဘာလဲ
မင်းက ဆီလီယာပလာသ့်မို့လို့လား
အနုပညာနဲ့ အတင်းပြောတာ
လှပတဲ့ အောက်တန်းကျမှုပဲ
ရော့ခ်…..ရော့ခ်
ရှင်ကျွန်မကို စိတ်ဆင်းရဲအောင် မလုပ်နဲ့
ရော့ခ်…..ရော့ခ်
အစွယ်အဖွေးသားနဲ့
မြွေဟောက်လို မိန်းမ
မင်းလေသံကို ကီးချိန်းစမ်း
မင်းလျှာကို ခေါက်ထားစမ်း
ကျွန်မတို့ ရင်ကြားစေ့လို့ မရနိုင်တော့ဘူးလား
မိတ္တဗလ ဋီကာစာသားတွေ
လူမှုဆက်ဆံရေး သင်တန်းမှာ သွားပြော
ငွေကြေး လိင်နဲ့ဂုဏ်ဒြပ်
မိန်းမတွေ အလိုရှိတာ ဒါပဲမဟုတ်လား
အမှန်တရားမို့ နားခါးမယ်
ငါ့ကို
အဲ့ဒီမြွေမျက်လုံးမျိုးနဲ့ မကြည့်နဲ့
ကိုယ့် အဓိပ္ပါယ်နဲ့ ကိုယ်နေ
အဖြစ်မှန်ကို မြင်အောင်ကြည့်
အိမ်ထောင်ရေးဆိုတာ
လူနှစ်ယောက်အပြန်အလှန် စစ်ကြေငြာခြင်းပဲ
အချစ်ဆိုတာ
ယာယီ အပစ်အခတ် ရပ်စဲထားခြင်းပဲ
ငါဟာ
ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့
ဗုံးတစ်လုံး
ရက်စ်အော်နိုး
ဒူးအော်ဒိုင်း
ဗို့အား ၆၆၀၀
သတိ အန္တရယ်
သေတတ်တယ်။

အောင်ရင်ငြိမ်း

Comment #1

စွဲမက်ဖွယ်သုံးဆောင်ပါ၏

commentinfo By: မိုးစွေ at Feb 17, 2011
Comment #2

ငွေကြေး လိင်နဲ့ဂုဏ်ဒြပ်
မိန်းမတွေ အလိုရှိတာ ဒါပဲမဟုတ်လား..?

အဲဒါပဲမဟုတ်ပါဘူး…။

commentinfo By: မြေနံ့ at Jul 10, 2011
Comment #3

မိုက်ချက်ပဲ။
မီးလောင်နေတဲ့အသံ တင်မထားဘူးလား

commentinfo By: Cask at Jan 17, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment