Professional Authors

ဒီဇင်ဘာ အလွမ်း (မင်းကိုချစ်တဲ့သူ)

စာရွက်တရွက်ကို လှန်လိုက်တော့
ဆုတ်ချာနေတဲ့ ငါ့ရဲ့ ဒီဇင်ဘာနဲ့
စုတ်ချက်ကြမ်းကြမ်း ခံစားချက်တွေ
ပိုင်ရှင်မဲ့စွာ တွေ့နေရတယ်…

တစက်တစက်နဲ့ ကျလာခဲ့တာ
မိုးရေစက်တွေ မဟုတ်ခဲ့ပါလား
အချစ်တွေ ငွေ့ရည်ဖွဲ့လို့
ငါဟာ မိုးရာသီဖြစ်ခဲ့ရတယ်…

တချက်တချက် တွေဝေနေခဲ့တာ
ငါဟာ ငါမဟုတ်တော့သလိုပဲ
အလွမ်းတွေတထုပ်တပိုးနဲ့
အိပ်မက်တွေကို လိုက်ရှာနေခဲ့မိတယ်…

ရမ်းချစ်ခဲ့တာမဟုတ်ပါဘူး
အရမ်းချစ်မိခဲ့တာပါ
တကယ်တော့…
ဘယ်သူမှ မမှားကြပါဘူး
ငါနောက်ဆုတ်ဖို့ မသင်ခဲ့မိတာပါ…

ငါ့ရဲ့ သရဲမလေးရယ်…
မင်းဟာ ငါ့ကဗျာတွေကိုသီကုံးဖို့
ကြိုးတစ်ချောင်းမဖြစ်ခဲ့ပါဘူး…
ငါကသာ မင်းရယ်ရဖို့
ပြက်လုံးတွေ ဖြစ်ခဲ့ရတာပါ….

အထီးကျန်မနက်ဖြန်တွေမှာလဲ
ငါဟာ… မင်းထားခဲ့တဲ့ နေရာ
မင်းပေးတဲ့ ဥပက္ခာလေးနဲ့
အထီးကျန်ဆန်နေခဲ့ရမှာပါ
ကံကောင်းခွင့် မရှိတဲ့ငါ့အတွက်
ရောင့်ရဲနိုင်ခွင့်ကိုတော့ လေ့လာခွင့်ပြုပါ…

ငါ့ရဲ့ သရဲမလေးရယ်…
အလွမ်းအရင့်အမာကြီးနဲ့
မကျွတ်မလွတ်နိုင်လို့
အမျှဝေပေးပါ…
ကြင်နာမှုတွေကင်းပြီး
နာကြင်မှုတွေ ပြင်းထန်နေတဲ့
မနက်ဖြန်တွေကို ဆုတ်ဖြဲလို့
ဒီဇင်ဘာကို မေ့ဖျောက်ခွင့်ပေးပါ….

In: ကဗျာ Posted By: Date: Dec 31, 2012
Comment #1

ဟော..လာပြန်ပြီ…လှလှပပလေးရေးဖွဲ့သွားတယ်ဗျာ…

commentinfo By: kyawnainglin174 at Dec 31, 2012
Comment #2

လာရောက် ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်….

commentinfo By: မင်းကိုချစ်တဲ့သူ at Dec 31, 2012
Comment #3

ကောင်းတယ်ဗျ…တစ်မျိုးဆန်းတယ်။
ငါ့ရဲ့သရဲမလေး..င့ါရဲ့သရဲမလေးလို့..ရေးရေးသွားတာကို အကြိုက်ဆုံးပဲဗျာ…ဟဲဟဲ:ha

commentinfo By: poem.poem28 at Dec 31, 2012
Comment #4

🙂

commentinfo By: မင်းကိုချစ်တဲ့သူ at Dec 31, 2012
Comment #5

ကဗျာကောင်းလေးဗျ
ဖတ်သွားပါတယ် ~ ~

With respect,
RAY

commentinfo By: X - ray at Dec 31, 2012
Comment #6

:'(
:'(
:'(

commentinfo By: ei lay at Dec 31, 2012
Comment #7

ကဗျာဆရာတစ်ယောက်က ငါ့ရဲ့သရဲမလေးလို့ခိုင်းနှိုင်းထားတာ ခုမှဖတ်ဖူးတော့တယ်
ဆန်းတယ်နော် ဟိ ..

commentinfo By: မေပျို at Dec 31, 2012
Comment #8

ဟယ်…သူ့ကောင်မလေးက..သရဲချောချော လို့နေမှာပေါ့..

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #9

Rofl
Yee ya lun loh Tay dot me.
Ha..ha..

commentinfo By: ei lay at Jan 1, 2013
Comment #10

🙁
ei lay အတွက် ဟာသ တစ်ပုဒ်ဖတ်နေရသလိုဖြစ်နေတာလား…

commentinfo By: deadxromeo at Jan 1, 2013
Comment #11

Like
🙂

commentinfo By: Ayate at Jan 1, 2013
Comment #12

r,,
hote par bu.
100% wrong,
ei ka ko kyaw naing linn ye comment ko yee mi tar par,,

ei d poem ko phat p chin chin pay htar de comment ka tet tay be lae.

commentinfo By: ei lay at Jan 1, 2013
Comment #13

nice!!! I like this beautiful poem…

commentinfo By: Yoon Thae Phyu at Jan 1, 2013
Comment #14

သရဲချောတဲ့လားရှင်
နောက်တယ်နော်
ဟီးး

commentinfo By: maypyo22889 at Jan 2, 2013
Comment #15

ကောင်တယ်ဗျာ

commentinfo By: thi ha at Oct 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment