Professional Authors

မြစ်တစ်စင်း သို့ ပေးစာ

ချစ်သူရေ………
မင်းငါ့ကို ခွင့်မလွှတ်ပဲ ခွဲခွာသွားတာ အမှန်တရားပါ……

နွမ်းလင့်နေတဲ့ မျက်နှာနဲ့အတူ
အခြေမကျအောင် ဗျာများနေတဲ့ဘ၀မှာ
ငါကိုယ်တိုင်တောင် တစ်ခါတစ်ရံ ညည်းညူနေမိတယ်……..

လက်မလျှော့ပေမယ့် ကံမကူတဲ့ဘ၀မို့
ဝါသနာတစ်ခုရဲ့ သေချာမှုဆိုတာ
ငါ့မှာ မရှိသေးဘူး…….

ဂုဏ်ပကာသနမက်တယ်၊ သစ္စာမဲ့တယ်…….ဆိုတဲ့
ခေတ်မမှီတော့တဲ့ ဝေါဟာရတွေနဲ့
နင့်ကို စွဲချက်မတင်ချင်ပါဘူး……

နင်မှေးစက်ရာ ရင်ခွင်ဟာ
အေးမြလုံခြုံကြည်နှုးမှုရှိပါစေ………

နင် နှစ်သက်သူဟာ
ယောက်ျား အမည်ခံတစ်ယောက်မဖြစ်ပါစေနဲ့လို့……
ငါဆုတောင်းပေးပါတယ်………..

အချစ်စစ်ရဲ့လမ်းဟာ
မဖြောင့်ဖြူးတဲ့ သဘောရှိတယ်ဆိုတဲ့
ရိုးရာစွဲယုံကြည်မှုလမ်းပေါ်မှာ
ငါရပ်နေမိသေးတယ်…………………

အခုတော့……….
ငါ့ရဲ့ ဆုံးရှုံးမှုကုန်စည်အပြည့်နဲ့
လွယ်အိတ်တစ်လုံးကို
မြစ်ကမ်းဘေး သေရည်ဆိုင်က
ရေခဲသေတ္တာထဲမှာ ထားခဲ့ပါပြီ……….

ပြတ်တောက်သွားတဲ့ မျှော်လင့်ချက်နည်းနည်းနဲ့
ဧရာဝတီရဲ့ ပါးတစ်ဖက်ကိုနမ်းရှုပ်ရင်း
ငါလည်း ခရီးဆက်နေဆဲပါ…………

In: ကဗျာ Posted By: Date: Jun 7, 2010
Comment #1

နင်မှေးစက်ရာ ရင်ခွင်ဟာ
အေးမြလုံခြုံကြည်နှုးမှုရှိပါစေ………

commentinfo By: နွေ at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment