Professional Authors

အတွေးမဲ့ မြို့ည

နေရာမှန်မသိတဲ့ မြို့ည

ဒီနေရာလေးမှာ ခပ်ဆွေးဆွေးနဲ့

အမှောင်ချထားတယ်…

တိတ်တိတ်လေးကြေကွဲနေတဲ့ အဝေးကအမှောင်ယံ

သန်းခေါင်ယံညထဲမှာ အားကုန်နေတဲ့ အလင်းရောင်နဲ့

အစွမ်းကုန် ထွန်းလင်းနေတုန်းပဲ။….။

အချို့ အချို့နေရာတွေလဲ

ပူပြင်းစွာနဲ့ ထိန်ညီးနေပါရဲ့…

ငါ့ရင်ဘတ်တွေလဲ ပူပြင်းစွာနဲ့ စီးဆင်းနေပါရဲ့။..။

သွေးသားတွေ ခမ်းခြောက်အောင် ဖောက်သောက်ကြမယ့်

ညရဲ့ တစ္ဆေတွေ ယစ်မူးကခုန်နေကြတာ

ကြိမ်ဖန်များစွာပါပဲ မြို့ညရယ်

ပျော်စရာမှန်းမသိ

ဝမ်းနည်းစရာမှန်း မသိ

ကြေကွဲရကောင်းမှန်းမသိတဲ့

ဘ၀တွေလဲ

ကြိမ်ဖန်များစွာပါပဲ မြို့ညရယ်။…။

 

In: ကဗျာ Posted By: Date: Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment