Professional Authors

– နောက်ဆုံးပြောခွင့် –

လူတိုင်းလိုလို လေပြေတွေထက်အိပ်စက်နေချိန်
ငါ  မင်းကြောင့် သွေးရဲရဲနဲ့လမ်းလျှောက်ထွက်ဖူးခဲ့တယ်

လူတိုင်းလိုလို ရီသံတွေထက်အရောင်တက်နေချိန်
ငါ  မင်းကြောင့် မျက်ရည်တွေနဲ့မှေးမှိန်ဖူးခဲ့တယ်

လူတိုင်းလိုလို နားလည်မှုတွေနဲ့နွေးထွေးနေချိန်
ငါ မင်းကြောင့် နားမလည်နိုင်မှုတွေနဲ့ နာကျည်းချက်တွေအောက်မှာ နားခိုစရာမရှိအောင် နာကျင်ဖူးခဲ့တယ်

ဒါပေမယ့်လည်း. . . ..
မင်းဟာ ငါ့ရဲ့အချစ်ဦးမို့
ရူးနေအောင် ရင်မှာ ချစ်ခဲ့တယ်
စူးနေအောင်လည်း ဒီရင်မှာနာကျင်ခဲ့ပေမယ့်
မင်းပျော်ဖို့တစ်ခုသာသိတဲ့
ငါ့ရဲ့ယိုင်နဲ့နဲ့နှလုံးသားက
နောက်ဆုံးပြောခွင့်လေးရှိခဲ့ရင်
.  .  .  .  .  .  .  .  .  .  .  .  .  .  .  .  .  .  .  .
မင်းမျက်တောင်တွေလေအလာမှာတစ်ချက်ယိမ်းတိုင်း
ငါ့အချစ်တွေရင်အလွှာမှာတစ်ချက်ကိန်းပါရစေ ~

အပြုံးလေးတွေမင်းနှုတ်ခမ်းမှာတစ်ချက်ဖူးတိုင်း
ငါမင်းအနားမှာတစ်သက်ရူးပါရစေ ~

မင်းအမုန်းတွေနှလုံးသားထက်မှာတစ်ချက်စူးတိုင်း
အလွမ်းတွေငါ့ရင်ဘတ်ပေါ်တစ်ချက်လူးပါရစေ ~

12/23/2012                                                Ray
02:30


In: ကဗျာ Posted By: Date: Dec 27, 2012
Comment #1

R lar larr
oh my Buddha
Special perfect
Million Thz
Plz let me copy the last 3 paragraph

commentinfo By: ei lay at Dec 27, 2012
Comment #2

Good

commentinfo By: kyawnainglin174 at Dec 27, 2012
Comment #3

အလွမ်းတွေနဲ့ လူးနေချင်တဲ့ မောင်လေးရေ…

ချစ်မမိုး အားပေးနေတယ်ခင်ဗျ…. ကဗျာလေး ကောင်းပါတယ်

commentinfo By: အသဲကွဲ မိုး at Dec 27, 2012
Comment #4

အိုးးးးးးးးကဗျာဖတ်ပြီး ရင်ထဲတောင်ဘယ်လိုဖြစ်သွားလဲမသိဘူး။
နောက်ဆုံးပြောခွင့်…တွေကတော့ တကယ် အမိုက်စားheartထိစ၇ာတွေပဲဗျာ။

commentinfo By: poem.poem28 at Dec 27, 2012
Comment #5

မအိလေး ဒီကဗျာလေးကိုကူးချင်ရင်ကူးလို့ရပါတယ်
ကဗျာမောင်နှမအချင်းချင်းတွေဘဲ ကဗျာလေးကူးဖို့ကိုခွင့်တောင်းနေစရာမလိုပါဘူး
ကျွန်တော့ကဗျာလေးကို ဖတ်သွားကြတဲ့ ၊ အားပေးသွားကြတဲ့ မအိလေး ၊ ကိုကျော်နိုင်လင်း နဲ့ အစ်မတော်မိုး တို့ကိုကျေးဇူးအများကြီးတင်ပါတယ်
နောင်ကိုလည်း ကျွန်တော့ကဗျာတွေဖတ်လို့အဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်းဝေဖန်ပေးပါ ~~

With respect,
RAY

commentinfo By: X - ray at Dec 27, 2012
Comment #6

ကိုgenius ရေ ခင်ဗျားပေးထားတဲ့ comment ကိုမမြင်လိုက်ဘူးဗျ sorryပါဗျာ
ဒီကဗျာလေးကို ဖတ်သွားတဲ့အတွက်ကော တကူးတကအားပေးသွားတဲ့အတွက်ကော ကျေးဇူးအများကြီးတင်ပါတယ် ကိုgenius ရေ
နောင်များမှာလည်း ကျွန်တော့ကဗျာတွေမှာလိုတာလေးတွေရှိရင် ပွင့်ပွင့်လင်းလင်းဝေဖန်လို့ရပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 27, 2012
Comment #7

Yeah,,
Thz so much.
million Thz.

no permit,,I won’t.
It’s my rule.
I don’t want to do anything secretly.

commentinfo By: ei lay at Dec 27, 2012
Comment #8

ကဗျာကိုကူးတာလေးအတွက်နဲ့တော့ ကျေးဇူးတင်ဖို့မလိုပါဘူး ရပါတယ်
ဘယ်ကဗျာညီအစ်ကိုမောင်နှမမဆို ကျွန်တော့ကဗျာကို ကူးလိုက ခွင့်မတောင်းဘဲ ကူးလို့ရပါတယ် ကဗျာဆိုတာ လူတိုင်းခံစားနိုင်တဲ့အနုပညာတစ်ခုပါ ဒါကြောင့် ကျွန်တော့ကဗျာတွေကို လူတိုင်းဖတ်နိုင်တယ် ကြိုက်သလိုလည်း comment ပေးနိုင်ပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 27, 2012
Comment #9

လူတိုင်းလိုလို နားလည်မှုတွေနဲ့နွေးထွေးနေချိန်
ငါ မင်းကြောင့် နားမလည်နိုင်မှုတွေနဲ့ နာကျည်းချက်တွေအောက်မှာ နားခိုစရာမရှိအောင် နာကျင်ဖူးခဲ့တယ်

commentinfo By: မေပျို at Jan 22, 2013
Comment #10

ကဗျာလေးအားပေးသွားတဲ့ မမေပျို ကျေးဇူးပါ ~~

With respect,
RAY

commentinfo By: X - ray at Jan 25, 2013
Comment #11

လွှတ်~အရမ်းမိုက်တယ်…။

commentinfo By: loafer at Feb 28, 2013
Comment #12

ကဗျာလေးကို အားပေးတဲ့အတွက် ကျေးဇူးပါ Loafer ~

With respect,
RAY

commentinfo By: X - ray at Jul 30, 2013
Comment #13

ငါမင်းအနားမှာတစ်သက်ရူးပါရစေ တဲ့လား မိုက်ပါ့

commentinfo By: Kk at Jul 30, 2013
Comment #14

ကဗျာကို အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Kk ~

With respect,
RAY

commentinfo By: X - ray at Jun 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment