Professional Authors

သက်ပြင်းသံကြားကဘဝ

မျှော်လင့်ခြင်းများစွာနဲ့ စောင့်စားခဲ့ ရတဲ့ ဒီရက်….
ကြိုးစားခဲ့ သမျှ ပေးဆပ်ခဲ့သမျှအတွက်
မလောက်ငှတဲ့ ဖြေဆေးတစ်ခွက်သက်သက်ပါ…။
နဖူးကချွေးစက်တို့ကို ခြေမကခံယူစေ..
လက်က အမာရွတ်တွေက ဘ၀သမားတစ်ယောက်ရဲ့ သက်သေ…
လည်ပင်းနစ်နေတဲ့အကြွေးပင်လယ်က
ငါ့ကို နစ်မြုပ်ဖုံလွမ်းသွားဖို့ သွေးဆောင်နေလေရဲ့ …။
နို့ဆီခွက်နဲ့ ဆန်အိုးအောက်ခြေထိသံ…
အိမ်ရှင်မရဲ့ စိတ်ညစ်ညူးသံ….
သူများတွေကျောင်းသွားတိုင်း
သမီးလဲ ကျောင်းတက်ချင်တယ်လို့ပြောတတ်တဲ့ အသံတွေကြား…
တာဝန်ကျေဖို့ ကြိုးစားရင်းနဲ့ တာဝန်မကျေဖြစ်ခဲ့ ရပြီ..။
အောက်ခြေကလူတစ်ယောက်ရဲ့ လစာကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း
မနက်ဖြန်အတွက် သက်ပြင်းတွေချ
ကျွန်တော့ကို မျှော်နေကြမယ့် သူတွေဆီ
သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် အချိန်မှီပြန်ရပေဦးမည်..။
ရေနံဆီ မီးခွက်ကိုမှိတ် စောစောအိပ်ရာဝင်ခဲ့ ပေမယ့်
သမီးလေး၇ဲ့ တိတ်တဆိတ် ရှိုက်ငိုသံတွေကြား
နှစ်သိမ့်ဖို့ စကားစရှာမရလို့
သြော်….အချိန်မတိုင်ခင် အိုမင်းခဲ့ ပြန်ပြီ။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

feel sorry.
🙁

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment