Professional Authors

ဘဝမှာ လက်တွေ့ ကျကျ နေရမယ် ချစ်သူရေ

ချစ်သူ အေးမြဖို့ အတွက်နဲ့ တော့
ကျွန်တော့်ကို ကျွန်တော် လေနုအေးတော့ မပြောင်းလဲဖြစ်ခဲ့ဘူး..
ယပ်တောင်လေးတစ်ချောင်းနဲ့ တော့ သူကျေနပ်နေတာပဲလေ
မလိုအပ်ရင် မရူးသွပ်ဖို့  ကျွန်တော်သိတယ်..

ချစ်သူရေ..အိပ်မက်လှလှမက်ပါစေလို့ ..
ကျွန်တော် ဆုတောင်းမပေးခဲ့ဘူး…………..
ညအိပ်ရာဝင်ရင် ခြေထောက်ဆေးပြီးအိပ်ဖို့ တော့မှာဖြစ်တယ်
ဘဝ ကလက်တွေ့ ကျကျနေထိုင်ရမယ် လို့ ကြားဖူးတယ်…

ချစ်သူရေ ..သဘာဝဘေးအန္တရာယ်တွေ
ကျွန်တော် မကာကွယ်ပေးနိုင်ပါဘူး…..
ထီးလေးတစ်ချောင်းတော့ ကျွန်တော်ဝယ်ပေးထားတယ်
နေပူရင်လဲကာ..မိုးရွာလဲဆောင်း..ပြီးတော့ နှင်းကျရင်လဲ မိုးထားပေးပါ..ချစ်သူ
သူ့ နေရာနဲ့ သူသုံးတတ်ရမယ်လို့  အဖေပြောဖူးလို့ လေ..

ချစ်သူရေ..ကျွန်တော့်အကြောင်းတွေညဖက်တွေ မတွေးပါနဲ့ နော်
အိပ်ရေးဝလို့  ပြည့်နေတဲ့ မျက်နှာလေးက…
ကျွန်တော့်ကို ပိုစိတ်ချမ်းသာစေတတ်လို့ ပါ
လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ တစ်ပုံကြီးရှိနေလို့ ပါ

ချစ်သူရေ..နောက်ဘဝတွေဆုံဆည်းရပါစေလို့  မဆုတောင်းပါနဲ့ 
လက်ရှိ ဘုရားရိပ်က ကျွန်တော်တို့ ဘဝလေးအေးချမ်းပါတယ်
အနာဂါတ်ကတော့  တူတူကြိုးစားကြတာပေါ့
ပစ္ဆုပ္ပန်က ပိုအရေးကြီးတယ်..တန်ဖိုးထားရမယ်တဲ့

ဒီလိုနဲ့ ပဲ ကျွန်တော်အိပ်ရာဝင်ရတော့မယ်လေ………
နာရီလေးကဘေးမှာထိုင်လို့ …ကျွန်တော့်ကိုချစ်သူဆီနောက်မကျအောင်
သူအော်ဟစ်ဖို့ စောင့်နေလေရဲ့ ………
သြော်..မေ့တော့မလို့  ….
ကျွန်တော်ခြေထောက်ဆေးရဦးမယ်.။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment