Professional Authors

ဒဏ် …….

‘လွမ်းတယ်’ဆိုရုံလေး လွမ်းတဲ့စိတ်မှာ
အတိတ်လွင်ပြင်ဆီ
ဖိတ်စင်သွားတဲ့ ၀ါကျအသေ
အချစ်ရေ…
အချစ်ကို ကစားတတ်တဲ့
မျက်ဝန်းတွေက ညိုညို
နှုတ်ခမ်းတွေက စိုစို
ရင်ခုန်သံတွေက ကပိုကယို
ဘယ်အိပ်မက်မှ မင်းအကြည့်လောက် မစိမ်းစိုခဲ့ဘူး။

အခုတော့လည်း
ဆီခမ်းသွားတဲ့ မီးတောက်လို
ဘယ်အချိန်မှာမှ မနီးလောက်တော့တဲ့ ပြဇာတ်နဲ့
သွားသလောက်ခရီမရောက်တဲ့ အမှတ်တရတွေကို
(သားပိုက်ကောင်တစ်ကောင်လို…)
ရင်ဘတ်မှာ ပိုးလွယ် ပျံသန်း
ငါ့ရဲ့ နွေရာသီ မြိုင်ဝင်ခန်းမှာ
ပွင့်တဲ့ပန်းတိုင်း ရနံ့တွေခမ်းလို့….။

In: ကဗျာ Posted By: Date: Dec 26, 2012
Comment #1

ငါ့ရဲ့ နွေရာသီ မြိုင်ဝင်ခန်းမှာ
ပွင့်တဲ့ပန်းတိုင်း ရနံ့တွေခမ်းလို့….။

commentinfo By: ဇော်ထိုက် at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment