Professional Authors

နောင်တ (ဝေဟင်)

‘နေ’လိုလို
‘လ’လိုလို နဲ့ 
ပူလောင်နေသလား
အေးချမ်းနေသလား
ငါ မသိ…..။
နာရီပျက်တစ်လုံးရဲ့ ရင်ခုန်သံနဲ့ 
ရှေ့ တိုးရမလား
နောက်ဆုတ်ရမလား
ငါ မသိ……..။
ဟောင်းနွမ်းသွားပေမဲ့
ဆေးရောင်တောက်ပထင်ရှားနေတဲ့
ပန်းချီကားတစ်ချပ်
ငေးလျက်
တွေးလျက်
ဆွေးလျက် နဲ့ ပဲ
အတိတ်မှာ ကျကျန်ရစ်တဲ့
ငါ့အနာဂါတ်တချို့ ကို
ပြန်ကောက်ယူဖို့ 
ငါလက်တစ်ကမ်းနဲ့ 
မမှီတော့
မနက်ဖြန်ဆီ သွားမယ့်
ခြေတစ်စုံဟာ
အိပ်မက်တွေထမ်းပိုးထားသူကို
ငြိုငြင်လို့ နေပေါ့………….။

ဝေဟင်

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

Khan sarr arr pay twar par de

commentinfo By: ei lay at Dec 26, 2012
Comment #2

ကျေးဇူးပါ။

commentinfo By: soewaihin at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment