Professional Authors

စုန်း

မတော်တဆအကြည့်မှာ

ချော်ကျရင်းငြိသွားတဲ့ကြိုး

သူမရဲ့အပြုံးတိုးတိုးတစ်ပွင့်နဲ့

ငါ့အထီးကျန်ညတွေညှိုးလွင့်ခဲ့။

 

သူမရဲ့ ဆံကေသာအရမ်းအခါမှာ

ပန်းကဗျာတွေ အထပ်ထပ်သစ်ရင်း

နှုတ်ခမ်းနှစ်လွှာမှာ ခဏခဏနစ်

ကြာတော့…လွမ်းစရာတွေအမှတ်တရဖြစ်ပေါ့။

 

ဝေဒနာအသစ်အဆန်းတွေနဲ့

အသေအချာ ပစ်ဖမ်းတတ်တဲ့

ချစ်သော သူမလေးရေ…

မင်းရဲ့ အသံတိတ်ပြုစားမှုတွေထဲ

အံကြိတ် ကုစားလို့မရတဲ့အဆုံး

(ငါ့ခမျာ…)

”မင်းကိုချစ်တယ်”ဆိုပြီး ကျရှုံးလိုက်ရတယ်….။

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

😛
Kaung ma laee pyu sarr Dar dot Tay char ma ti bu.
Mg khai myat ye talkies hla hla laee hte dot ei doe mu twar de.
😛

commentinfo By: ei lay at Dec 26, 2012
Comment #2

ကောင်းလိုက်တဲ့ကဗျာ။

commentinfo By: miss tower at Dec 26, 2012
Comment #3

ဘယ်လိုမှော်အတတ်နဲ့ ဖန်ဆင်းလိုက်သလဲ ဆရာ…အရမ်းကို နူးညံ့လွန်းတယ်…

commentinfo By: Yoon Thae Phyu at Jan 1, 2013
Comment #4

i like so much both title & poem

commentinfo By: ei lay at Jan 1, 2013
Comment #5

ဝေဒနာအသစ်အဆန်းတွေနဲ့

အသေအချာ ပစ်ဖမ်းတတ်တဲ့

ချစ်သော သူမလေးရေ…

မင်းရဲ့ အသံတိတ်ပြုစားမှုတွေထဲ

အံကြိတ် ကုစားလို့မရတဲ့အဆုံး

(ငါ့ခမျာ…)

”မင်းကိုချစ်တယ်”ဆိုပြီး ကျရှုံးလိုက်ရတယ်….။

Good …..!!!!!!! 🙂

commentinfo By: နိုးဆက် နေ့ at Jan 1, 2013
Comment #6

နောက် တစ် ကြိမ် ဗျာ။ တန် လွန်း တဲ့ က ဗျာ 🙂

commentinfo By: n$n at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment