Professional Authors

……..ငါ၊ကဗျာ၊ကမ္ဘာ၊မီးခိုးငွေ့…….


ကမ္ဘာ၊ ကမ္ဘာ …..ကမ္ဘာ
ကဗျာ ၊ကဗျာ ….ကဗျာ……….။

ကဗျာ ထဲ က……………… ကမ္ဘာ လား
ကမ္ဘာ ထဲ က ……………….ကဗျာ လား…။

ကဗျာဟာ ကမ္ဘာ ထဲ မှာ ကဗျာကို ထား ခဲ့
ကမ္ဘာ ဟာ ကဗျာ ထဲ က ကမ္ဘာ ကို ထားခဲ့
ကမ္ဘာ နဲ့ ကဗျာ
ကဗျာ ကြီး နဲ့ ကမ္ဘာ………………….။

ကမ္ဘာကဗျာ လို့ ဆိုဆို
ကဗျာကမ္ဘာ လို့ ဆိုဆို……………

ဒီကဗျာ ကို ကမ္ဘာကြီးရဲ့ တစ် နေရာ မှာ
ကဗျာကြီး ထဲ က ကမ္ဘာ တစ်နေရာ အကြောင်း ရေး တာ…….။

ကဗျာတစ် ပုဒ်ဆောက် တည် ရင်း ကမ္ဘာတစ် ခု ဖြစ် သွား တာ
ဒါမှမဟုတ်……..
ကမ္ဘာ တစ်ခု အကြောင်း ရေး ရင်း ကဗျာတစ်ပုဒ် ဖြစ် သွား တာ လဲ ဖြစ်ချင် ဖြစ် တယ်…။

ကဗျာထဲ မှာ ကမ္ဘာ ကို ရှာ …….
ကမ္ဘာ ထဲ မှာ ကဗျာ ကို တွေ့ နိုင် မယ်…။
ဒါဟာ နှစ်သန်းပေါင်း များ စွာ ကဗျာ …
ကမ္ဘာ ကြီး ထဲ မှာ နှစ်ပေါင်း များစွာပြော ဖို့…………..။

ဒါမှ မဟုတ်….
နှစ်သန်းပေါင်းများစွာ…ကမ္ဘာ ထဲ မှာ ပျောက် ကွယ် နေတဲ့
ကဗျာပရိုင်း မိတ်ကြီး တစ်ကောင် လည်း ဖြစ် ချင်ဖြစ်သွားမယ်….။

ရာသီဥတုဖောက်ပြန် နေ တဲ့ .. ကဗျာ
အမေကျော် ဒွေးတော် လွှမ်း…တတ်တဲ့..ကမ္ဘာ….
နားရွက်ဖောက်…ကျည်ခွံ တပ် ထားတဲ့ ကဗျာ….
မူးယစ်ဆေးဝါး..ယဉ်ယဉ်ကလေး သုံးထားတဲ့ကမ္ဘာ
ရေလောင်းပေါင်းသင်..မြေသြစာကျွေးထားတဲ့ကဗျာ
အတွေးအခေါ်တွေကျွတ်ကျွတ်ဆူဝေ နေတဲ့ကမ္ဘာ
ကမ္ဘာကြီးထဲက ကဗျာ………..
ကဗျာကြီးထဲက…ကမ္ဘာ….။

ကဗျာ၊ကဗျာ၊…..ကဗျာ..။
ကမ္ဘာ၊ကမ္ဘာ၊….ကမ္ဘာ..။

In: ကဗျာ Posted By: Date: Dec 25, 2012
Comment #1

Nice Idea!

commentinfo By: မေပျို at Dec 25, 2012
Comment #2

ကောင်းတဲ့အ​တွေး​လေးပါ ​လေးနက်​ပါတယ်

commentinfo By: ကိုရဲ at Nov 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment