Professional Authors

နီးလျှက်မို့…ဝေး

ရင်ခုန်ခြင်းတွေရဲ့ နောက်ကွယ်က နင့်ကို
ချစ်ခဲ့ခြင်းတွေ
ယုယခြင်းတွေရဲ့ နောက်ကွယ်က နင့်ကို
ဂရုစိုက်ခြင်းတွေ
ဆွံအခြင်းတွေရဲ့ နောက်ကွယ်က နင့်ကို
မပြောဖြစ်သေးတဲ့ စကားလုံးတွေ
တိတ်တခိုးဆိုတဲ့ နောက်ကွယ်က နင့်ရဲ့
အပြုံးလေးတွေ
သတိရခြင်းတွေရဲ့ အစွန်းတစ်ဖက်မှာ
လွမ်းတဲ့စိတ်နဲ့ တမ်းတနေတက်တုန်း
မျှော်လင့်ခြင်း မိုးသားတွေကို
စိုးထိတ်ခြင်း လေစိုင်တွေက
ဖြိုခွင်းခဲ့ပြိ
ရင်ခုန်နေဆဲ နှလုံးသားကို
နင့်ရဲ့ အကြည့်စိမ်းစိမ်းလေးတွေက
ဝါးမျိုခဲ့ပြိ
နာရီလည်သံလေးတွေက
စည်းချက်ကိုက်လို့
နင်နဲ့ဝေးနေရတာ
နီးလျှက်ပဲမို့…

In: ကဗျာ Posted By: Date: Dec 22, 2012
Comment #1

ကောင်းတယ်ဗျာ။ကဗျာလေးဖတ်ရတော့ အချစ်ဦးတောင်သတိယသွားတယ်ဗျာ။

commentinfo By: kyawnainglin174 at Dec 22, 2012
Comment #2

*__*
*__*
*__*

commentinfo By: ei lay at Dec 22, 2012
Comment #3

အရမ်းကောင်းပါတယ်…အားပေးသွားပါတယ်….

commentinfo By: meso at Dec 22, 2012
Comment #4

သတိရခြင်းတွေရဲ့ အစွန်းတစ်ဖက်မှာ
လွမ်းတဲ့စိတ်နဲ့ တမ်းတနေတက်တုန်း
မျှော်လင့်ခြင်း မိုးသားတွေကို
စိုးထိတ်ခြင်း လေစိုင်တွေက
ဖြိုခွင်းခဲ့ပြိ

လွမ်းသွားတယ်ရှင့် … ကဗျာဖတ်ပြီးတော့

commentinfo By: မေပျို at Dec 22, 2012
Comment #5

သတိရခြင်းတွေရဲ့ အစွန်းတစ်ဖက်မှာ
လွမ်းတဲ့စိတ်နဲ့ တမ်းတနေတက်တုန်း
မျှော်လင့်ခြင်း မိုးသားတွေကို
စိုးထိတ်ခြင်း လေစိုင်တွေက
ဖြိုခွင်းခဲ့ပြိ

commentinfo By: meso at Jan 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment