Professional Authors

ဘောင်မ၀င်သူ

အစွန်းထင်းခံရမယ်…ဆိုတာနဲ့တင်
ဖြူစင်ခြင်းကို ငါငြင်းဆန်တယ်

ချစ်ရသူ ကောင်လေးရေ…
ငါက.. ချစ်ရုံပဲ ချစ်ခဲ့တာပါ
ဒီအတွက်
ဘာမှ မတောင်းဆိုခဲ့သလို
ဘာမှလည်း မစွန့်လွှတ်ခဲ့ဘူး
(စွန့်လွှတ်ဖို့လိုတယ်လည်း မထင်ခဲ့ဘူး)

ငါရှင်သန်တဲ့ ဘဝ
မင်းနဲ့ သင့်လျော်မှုမရှိဘူးလို့
ပြောခဲ့တာ မင်းပါ
ဒါနဲ့များ
ငါထွက်သွားတော့
ဘာလို့ ငိုကြွေးသေးလဲ ချစ်သူ..

ပေတေတေ ငါကတော့
ပြောင်းလဲဖို့ စိတ်ကူးမရှိ
ကိုယ်ကူးမယ့် တံတွေးခွက်
ကိုယ့်ဘာသာရွေးချယ်
ယဉ်ယဉ်ကျေးကျေး…
ဘောင်အပြင်မှာနေတယ်

အရဲ

အသစ်ရေးမထွက်လို့ အဟောင်းတွေပဲ ပြန်တင်နေရတယ်.. အဟင့် 😀

In: ကဗျာ Posted By: Date: Jun 9, 2009  
Comment #1

ဟိုးဟိုး … ဒီကဗျာကြိုက်တယ်ဗျိုး .. ယဉ်ယဉ်ကျေးကျေး .. ဘောင်အပြင်မှာနေတယ်ဆိုတဲ့ စကားလုံး လွှတ်ကြိုက်ပါ့

commentinfo By: thettwe at Jun 9, 2009
Comment #2

comment ကမြန်ချက်.. ဒါပဲလေ.. အရဲရေးတာပဲ ကြိုက်ရမှာပေါ့ ဟီးဟီး

commentinfo By: အရဲ at Jun 9, 2009
Comment #3

လူဆိုးလည်းအားပေးသွားပါတယ် ………အရဲ …. အနီမဟုတ်ဘူးနော် ..ဟိဟိ

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment