Professional Authors

ပြောချင်တာကတစ်ခု ပြောဖြစ်/နိုင်/တတ် တာက တစ်ခု

ပြောချင်တာကတစ်ခု ပြောဖြစ်/နိုင်/တတ် တာက တစ်ခု

သူ့မျက်လုံးတွေဟာ အရာရာမသေချာ/မရေရာ
သူဟာလွန်ခဲ့တဲ့နှစ်အနည်းကနေ များစွာထွက်ခွာ
မောနေတာလား လွမ်းနေတာလား ရှုပ်နေတာလား လျော့ထားတာလား
မျက်နှာတစ်ခုလုံးကို အုပ်ထားတော့တယ်
်ရုတ်တရက် ကောက်ကာငင်ကာ အသံထွက်ပြုံးတယ်
စကားလုံးတွေ အပြုံးကြားက ထွက်လာတယ်
မောနေတော့ လွမ်းနေတော့ ရှုပ်နေတော့ လျော့ထားတော့
တစ်စုံတစ်ယောက် နားလည်အသိအမှတ်ပြုဖို့  မလိုတဲ့စကားလုံးတွေပေါ့
ဘာကိုဘယ်လို/ဘယ်တော့မှ ကောင်းစေလိုတဲ့သဘောမရှိခဲ့ရင်း
စိတ်ကစိတ်အတိုင်းသာဖြစ်ပျက်နေရင်း
မောနေလို့ လွမ်းနေလို့ ရှုပ်နေလို့ လျော့ထားလို့
ဖြစ်လာတဲ့ ဖြစ်လာမယ့် စကားလုံးကဗျာသက်သက်ပါပဲ
ဒါပေမယ့် ဖြစ်နေတဲ့ စိတ်တစ်ခုတော့ပျက်/ပျက်နေတဲ့စိတ်တစ်ခုတော့ဖြစ်သွားတယ်…

မြေနံ့
၁၅.၈.၂၀၁၂

In: ကဗျာ Posted By: Date: Dec 16, 2012
Comment #1

ဟုတ်ပါတယ်
တစ်ခုခုကိုဖြစ်သွားပါတယ်
……………………………..ရွှေ ကြယ် မိုး

commentinfo By: yaewintaung at Dec 16, 2012
Comment #2

Phat shu arr pay twar par de.

commentinfo By: ei lay at Dec 16, 2012
Comment #3

🙂

commentinfo By: နတ်သမီး at Dec 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment