Professional Authors

ခံစားချက်ကို တံဆိပ်ကပ်တာ ကဗျာဆိုတာ အရသာ ပေါ့သွားစေတယ်

ရန်ကုန်မြစ်ပြင်ကြီးကျယ်တာ…..
ဆူးလေ ဘုရား လမ်းလောက်ပါပဲ….
ထွေထွေထူးထူး မရှိပါဖူး…
ပေါ့ဆိမ့် တစ်ခွက်လိုပေါ့…..။     ။

ဟုတ်ပြီ…
ငါ့အတွေးတိုင်းမှာ သူပါနေရင်…
မိုနာလီဇာဆိုတာ ဓါတ်ပုံထဲမှာတောင် ရှိတော့မယ်မထင်ဖူး…
ပစိဖိတ် သမုဒ္ဒရာထဲ လက်ပစ် ကူးနေလောက်ပြီ…..။     ။

မျက်နှာကို ကာလာစုံ ခြယ်ထားတယ်…
ဖြူဖျော့ဖျော့ မျက်ဝန်းနဲ့…
ခနဲ့တဲ့တဲ့ ပြုံးတက်တယ်…
နီကြောင်ကြောင်ဆံပင်နဲ့ ကောင်မလေး…
သံစဉ်ညီင်္တိုင်း သီချင်း မဖြစ်ပါဖူး…
ရင်ခုန်သံဆိုတာလဲ….
ဒိုရေမီဖာ (၇) သံစဉ် ညီမှ ဖြစ်တာမှ မဟုတ်ပဲ….
ခပ်ခါးခါး ကော်ဖီ တစ်ခွက်ကလဲ…
ရင်ခုန်နှုန်းကို မထိန်းချုပ်နိုင်ဖူး…
ကာရံတွေ ညီတိုင်းလဲ ကဗျာ တစ်ပုဒ်ဖြစ်တာမှမဟုတ်ပဲ….

ကန်တော်ကြီး သာယာတယ်ဆိုတာ…
အင်းလျားလောက် လူစည်တာမဟုတ်ပါဖူး…
အင်းလျားလူစည်တယ်ဆိုတာလဲ…..
လှည်းတန်းလောက် လူရှုပ်တာ မဟုတ်ဖူး….
ဒါပေမဲ့….
တရုတ်တန်းကတော့ ပြုံးပြုံးလေး ကြည့်နေတာပဲ….။     ။

လမ်းလေးမှာ အိပ်နေတဲ့….
ခပ်ပိန်ပိန် ခွေးတစ်ကောင်….
ကြောင်တောင်တောင် ထ အူ နေလဲ…..
အိပ်ရေးကတော့ မပျက်သွားပါဖူး…..
ဘာ ဂဏန်းကောင်း လဲ ဆိုတာ..
ခပ်ကြောင်ကြောင် တွေးတဲ့သူတောင် တွေးနေကြပြီ….။     ။

ကျီးကန်းက အာတယ်…
ခို က ဥာည်းတယ်…
ကျားက ဟိန်းတယ်….
ခွေးက ဟောင်တယ်…
ကာရံညီ ကဗျာ တပုဒ်သာ ဖြစ်မယ်ဆိုရင်…
ငါက ကြောင်နေတာပေါ့…
ကဗျာကို ခေါင်းစဉ်တက်တာ…
ခံစားချက်ကို တံဆိပ်ကပ်ပြီး….
မီးခံသေတ္တာထဲ သောခက် သိမ်းထားသလိုပဲ….။     ။

ရင်ကွဲနာကျနေတဲ့ ကောင်လေးတစ်ယောက်…..
အလွမ်းဆိုတာကို ရင်ဘက်ကြီးနဲ့ခံစားရင်း…..
အနားမှာ ငိုနေ လိုက်တာ…..
ဝမ်းနည်းမှုကို မခံစားတက်လို့လားမသိဖူး….
ဒီကဗျာ ရေးနေရင်း…
ဖျက်ခနဲ ခေါင်းထဲက အတွေးလေးပေါ်လာတယ်…
မိုနာလီဇာက မျက်ခုံးမွေး မပါဖူးပဲ….။     ။

မိုနာလီဇာ မျက်ခုံးမွှေး မပါတာ ကိစ္စမရှိပါဖူး….
ဘီယာတွေ တစ်ခွက် ၁၀၀၀ မဖြစ်သွားဖို့ပဲ…
ဘီယာတွေ ၁၀၀၀ ဖြစ်သွားလဲ…
ကဗျာရေးနေတဲ့ ခဲတံ မကျိုးသွားဖို့ပဲ…..
ခဲတံ ကျိုးသွားလဲ မဖြစ်သေးပါဖူး….
ချွန်ဖို့ ဓါးမတုံးသွားဖို့ပဲ လိုတာ….
ဓါးမတုံး ပေမဲ့လဲ….
ဦးနှောက်က ပျက်နေတော့..
မီးခလုတ်ကို ထောက် ခနဲ့ ပိတ်….
စောင်ခေါင်းမူးခြုံရင်း ထပ်ပြီး စဉ်းစားလိုက်မိတယ်…
ဒီကဗျာက မော်ဒန်လက်လွန် ဖြစ်သွားပါပေါ့လား………..။     ။

In: ကဗျာ Posted By: Date: Dec 16, 2012
Comment #1

ကြိုက်တယ်ဗျာ… မော်ဒန် ကဗျာ ဆိုတာ ကို ပြသသွားသလိုပဲ….အဓိပါယ်ကို တော်တော်လေး တွေးနေရတယ်..
ရေးနေကြပုံစံတွေကို ထိုးဖောက်ပီး မော်ဒန် ကဗျာပုံစံရေးသွားတာ.. အရေးအသားတွေကို တကယ်အားကျမိတယ်.. အမြဲတမ်း အားပေးနေပါတယ်.. အဓိပါယ်မဲ့ ရေ….

commentinfo By: ကိုမင်း at Dec 16, 2012
Comment #2

…………………………………

commentinfo By: SoFarAwayFromU at Dec 16, 2012
Comment #3

Khan sarr arr pay twar par de.

commentinfo By: ei lay at Dec 16, 2012
Comment #4

………………..
……………….
အရမ်း ကြိုက်တယ်… လိုချင်တဲ့ ကဗျာပုံစံရောက်အောင် ရေးသွားနိုင်တယ်…
အဓိပါယ်က ကျွန်တော် တွေးတာ ဟုတ်မဟုတ် မသိပေမဲ့.. အနီးစပ်ဆုံးတော့တူမယ်ထင်တယ်..
ခံစား အားပေးသွားပါတယ်…

commentinfo By: ၀င်းထွ၌ at Dec 16, 2012
Comment #5

အရမ်းကြိုက်တယ်.. ကဗျာ ရှင်နဲ့ မိတ်ဆက်ချင်ပါတယ်.. အကောင့်ရှိရင် တောင်းဆိုပါတယ်..
ကဗျာတိုင်းကို အားပေးနေခဲ့တာပါ

commentinfo By: Lamin at Dec 16, 2012
Comment #6

အရမ်းကြိုက်ပါ၏ ကျွန်တော်က မော်ဒန်ကဗျာတွေဆိုအရမ်းကြိုက်တယ်
တလေးတစားဖတ်ရှုအားပေးသွားပါတယ်
အနှေးနဲ့ အမြန်လည်းကဗျာလေးကိုပုံဖော်နေခဲ့ရပါတယ်

commentinfo By: loafer at Dec 16, 2012
Comment #7

ကြိုက်သွားပီကဗျာကို

commentinfo By: blackleoheart at Dec 17, 2012
Comment #8

မော်ဒန် ကဗျာ တပုဒ်ကို သရော်သလိုနဲ့ ထိထိမိမိရေးသွားနိုင်တဲ့ အတွက်… ကဗျာရှင် ကို Meaningless ကို အရမ်း လေးစားသွားမိပါတယ်… အမြဲတမ်း အားပေးနေပါ့မယ်

commentinfo By: ကိုစိုင်း at Dec 17, 2012
Comment #9

မော်ဒန် ကဗျာ ကောင်းတပုဒ်ကို ဖတ်ချင်တယ်ဆိုရင် ဒီကဗျာလေးကို ညွှန်ပြရတော့မှာပဲ..
နားလည်ဖို့ခက်ပေမဲ့ ရင်ထဲကို တန်းပီးတော့ ထိသွားစေတယ်..
အရမ်းကောင်းတဲ့ ကဗျာ တပုဒ်ပါပဲ အဓိပါယ်မဲ့…

commentinfo By: Zin Mar at May 12, 2013
Comment #10

လေးလေးစားစားနောက်တခေါက်အားပေးသွားပါသည်

commentinfo By: ei lay at May 12, 2013
Comment #11

ကဗျာ ထဲ မှာ ခင်ဗျားကို တွေ့  လိုက်တယ်

commentinfo By: ZzzZ at May 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment