Professional Authors

မျှော်လင့်ခြင်းအားဆုပ်ကိုင်ထားခြင်းကင်းလျှက်………..။

ကောင်းကင်ထဲဝယ်
မြူနှင်းတစ်ချို့
တစ်တခိုးနဲ့
ကြီးစိုးကြတော့
ရုတ်တရက်မို့
တီးတိုးမိသည်
ရင်ဘက်ထဲက
ဝေဒနာအား
အဖြေရှာကြည့်
ဖြစ်နိုင်ချေ မရှိ
ဆန္ဒကို မျိုသိပ်
ဒဏ်ရာတစ်ချို့နဲ့
မျောချပစ်သည်
သက်သက်သာသာ
မျှောပါမသွားလေတော့
ပင်းပန်းရသည်
နှလုံးသားခေါင်းလောင်း
ထိုးတုန်းကထိုး
နောက်ပြန်လှည့်ကြည့်တော့
သံစဉ်တွေပြောင်းလို့
မနက်ထဖို့အရေး
နိုးစက်တွေနိုးလို့
နိုးစက်ကယ်မြည်တော့မှ
တစ်ရှိန်ထိုး ထပြေးသလို
ငါ့နှလုံးသား နိုးစက်မလို ဟုထင်……….။
ရုံးမမှီတော့
မနောက်ကျစေနှင့်
စောစောလာပါ
အချစ်မှာလည်းဒီလို
ဘဲလ် ကပျက်နေတော့
သူမ နှလုံးသားအခန်းတံခါးဝရှေ့မှာ
ကျွန်တော် အချစ်တွေက ငုတ်တုတ်
အေး ဆက်ဆက် အကြည့် တွေက
အသက်မဲ့ မျှော်လင့်ခြင်းတစ်ချို့ ကို
ပေးစွမ်းနိုင်လေရဲ့
တိတ်တဆိတ်လည်းမဟုတ်
တိတ်တခိုးလည်း မဟုတ်
ငါ ကြိတ်ပိုးနေတာကတော့
ကျိန်းသေသည်
ရင်ဘက်ကို ဖိ
နှလုံးခုန်နှုန်းစမ်း
rhythm မှန်ရဲ့လား ငါလေ….။
အကြည့်အေး
အနေအေး
ချစ်မိတဲ့
ငါကိုယ်တိုင်ရော
ငါ နှလုံးသာပါ
ခဲနေပြီလေ
ရေနွေးစိမ်ဖို့ ကြိုးစားမိသည်
မှီနိုင်လောက်ပါသေးရဲ့
စက္ကန့်တစ်ချို့ကိုထပ်ငှား
သူမရဲ့ နှလုံးသား
ထောင့်ချိုးတစ်ခုမှာ ရှာဖွေ
တစ်နေ့တော့
တွေ့နိုင်ကောင်းပါရဲ့
တစ်နေ့တော့
သိနိုင်ကောင်းပါရဲ့
တစ်နေ့တော့ချစ်နိုင်ကောင်းပါရဲ့
ကမ္ဘာကြီးဆုံးပါစေ
ချစ်ရမှာက ကျွန်တော်တာဝန်လေ
ပင်ဒိုရာ ရေ
မျှော်လင့်ခြင်းတွေကုန်သွားပါစေ
ငါ့အချစ်ကတော့
သူမအတွက် အမြဲ ရှင်သန်နေမည်။
မျှော်လင့်ခြင်းအားဆုပ်ကိုင်ထားခြင်းကင်းလျှက်………..။

In: ကဗျာ Posted By: Date: Dec 13, 2012
Comment #1

A yann ko laee sarr mi par de.
D lout yoee tarr de thu,,sate ta baw htar pyay wa de Thu,,a twat aung Myin hmu ka ma lwe ma tway yout lar hmar par shin.
Myan myan pine sine naing par say shin..

commentinfo By: ei lay at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment