Professional Authors

ချစ်ခြင်း ယုံကြည် မျှော်လင့်ခြင်းကြီးစွာဖြင့်………………………………..

ချစ်ခြင်း ယုံကြည် မျှော်လင့်ခြင်းကြီးစွာဖြင့်………………………………..

မိုးတိမ်တောင်တို့အုပ်မိုး
ဝေဒနာဆိုးတို့ ကင်းဝေးရစေသား
ဘယ်သူမချစ် မိမိမှု့
ငါချစ်တော့ ငါဖြစ်ပါစေ
ခံစားချက် အုပ်မိုး
ငါ ဘ၀မှာ မင်းကြီးစိုးနေပြီလေ
အိပ်မက်တွေဘယ်လိုမက်မက်
မင်းရဲ့အလှ က မထွက်နိုင်တော့တာ အသေချာ
ဘ၀ ရဲ့တသက်
မင်းနဲ့ တွေ့တဲ့အချိန်ဟာ
ငါ့ရဲ့ အသက်ရှင်နေချိန်အခိုက်အတန့်
တန်ဖိုးအရှိဆုံးပါပဲလေ………….။
ရင်ထဲက စကား
ခပ်တိုးတိုးလေး မြွက်ကြား
ရင်ထဲ ကြည်နှုးခြင်းပြည့်လို့
ဝေဒနာမလို
အလွမ်းမလို
အဆွေးမလို
နားလည်ခြင်း လက်တစုံသာလိုပါသည်………….။
ယုံကြည်မှုအပြည့်နဲ့
လျှောက်မယ့်ဘ၀လမ်း
ဆူးခင်းလမ်းဖြစ်ရင်တော့
ငါ့ကျောကုန်းကောင်းပါသေးတယ်လေ……………။
မုန်တိုင်းတွေ
ဘယ်လိုတိုက်တိုက်
ပတ်ဝန်းကျင်က
ဘယ်လိုမြင်မြင်
ငါ့ရင်ခွင်တစ်ခုတော့ အကောင်းအတိုင်းရှိသေးတယ်လေ…………။
လမ်းမရှိရင်
တံတားဆောက်
အမိုးမရှိရင်
ထီးအောက်မှာလေ
မင်းအတွက်ငါ
ငါ့အတွက် မင်းရှိရင်
လုံလောက်တဲ့ငါ့ဘဝ
ငါ့ဘေးနားရှိနေပေးပါ
အားဆေးမလို
အာဟာရမလို
အလိုလို ပျော်မြူးလို့
ဝမ်းသာတဲ့အရှိန်
ကောင်းကင်က တိမ်တောင်
မနာလိုလို့
မိုးတွေရွာ
ရော့ယူပါ ချစ်သူ ဒါ ငါ့အချစ် မင်းဘ၀တစ်ခုလုံးလုံခြုံစေရမယ်……………….။
ယုံကြည်ခြင်းသီချင်း
ငါမဆို
လက်တွေ့ သက်သေ
ငါပြမည်……………။
မင်းအတွက်
မင်းဘဝ
ငါ့အတွက် ထာဝရမို့
အသည်းကို ရင်း
စိတ်ကို နှင်းပြီး
ငါ့ဘ၀ကို မင်းလျှောက်မယ့် လမ်းအဖြစ်
ခင်းပေး ပရစေလား…………………ခင်
မင်းကို ငါလေ အရမ်းချစ်တယ်……………………။

                                                                     မိုးကြီး(လေကြီး)

In: ကဗျာ Posted By: Date: Dec 13, 2012
Comment #1

Myat yae kya lout aung ko khan sarr Like ya par de shint

commentinfo By: ei lay at Dec 13, 2012
Comment #2

!_!
!_!
!_!

commentinfo By: ei lay at Dec 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment