Professional Authors

ကြယ်မကြွေတဲ့ကောင်းကင်တစ်ခု..နဲ့ ကျွန်တော်ကြယ်ကြွေစောင့်နေတယ်ချစ်သူ

နာကျင်မှုတွေ အာသာငမ်းငမ်းပြင်းရှတယ်
လွင့်ကျလာတဲ့ ပန်းတစ်စီးကိုဖမ်းဆုပ်
ငါက ..အပြာရောင်သတို့ သားတစ်ယောက်မဟုတ်ခဲ့ဘူး

နေဝင်သွားတဲ့အရှေ့အရပ်ရဲ့ ဆန့် ကျင်ရာအရပ်က
နွေးနွေးလေး ဆီးကြိုတော့
ငါ့လက်ဖဝါးတွေ အေးစက်နေခဲ့တယ်..

ကြယ်ကြွေရာအရပ်မှာ ငါမတ်တပ်စောင့်တော့
တိတ်တဆိတ်နဲ့ မျက်ရည်တွေကျလာခဲ့တယ်
ငါဆို့ နင့်ပြီး ချစ်သူ၇ဲ့ ကျောဖက်မှာ ငြိမ်သက်စွာ…………

ငါနင့်ကိုချစ်တယ်..ငါနင့်ကိုချစ်တယ်..ငါနင့်ကိုချစ်တယ်. လို့ 
ရေရွတ်တော့ ငါ့နုတ်ခမ်းမှာ ငါမုန်းတဲ့ မျက်ရည်တွေက
ဘာလို့ စိုစွတ်…………………..

ကြယ်မကြွေတဲ့ကောင်းကင်တစ်ခု…
မမှိတ်မသုန်မျက်ဝန်းတစ်စုံ…ကအဲဒီ့ကောင်းကင်ကြီးကိုမော့ကြည့်
ဆုတောင်းတစ်ခွန်း…
ပြီးတော့ ငါတစ်ယောက်ထဲ…..ချစ်သူရယ်…………….

In: ကဗျာ Posted By: Date: Dec 12, 2012
Comment #1

!_!
!_!
!_!

commentinfo By: ei lay at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment