Professional Authors

လက်ကလေးများရဲ့ ရာဇ၀င်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ ရင်ထဲက မာန တရားကို သိမ်းဆည်းသွားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ မျှော်လင့်ခြင်းတွေကို ဆုတ်ကိုင်ထားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ ရင်ခုန်ခြင်းကို ဖန်ဆင်းသွားတယ်

အဲ့ဒီလက်ချောင်းကလေးတွေပဲပေါ့
ကျမ အတ္တတွေကို လမ်းခင်းသွားတယ်

အဲ့ဒီ လက်ချောင်းကလေးတွေပဲပေါ့
ကျမ မျက်ဝန်းကို ရွှန်းစိုစေခဲ့တယ်

အဲ့ဒီ လက်ချောင်းကလေးတွေပေါ့
ကျမ နှုတ်ခမ်းလေးတွေကို ပြုံးစေခဲ့တယ်

အဲ့ဒီ လက်ချောင်းကလေး တွေနဲ့
မြတ်နိုးခြင်းကို ပေးခဲ့တယ်

အဲ့ဒီလက်ချောင်းကလေးတွေကပဲ
ကျမ ကိုချစ်တတ်လာအောင် ပုံသွင်းခဲ့တာပါပဲ …..။

ကျမလည်း အဲ့ဒီ လက်ချောင်းလေးတွေကို
မြတ်နိုးတတ်ခဲ့တယ် …….။

လွမ်းလှိုင်း

12:40 am
Wed
30.9.09

In: ကဗျာ Posted By: Date: Jun 6, 2010
Comment #1

လက်ကလေးတစ်စုံ

commentinfo By: အသဲကွဲမိုး at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment