Professional Authors
စိတ္တဇ ညများ နှင့် လူလိမ် တစ်ယောက်
တစ်ခါတရံ မှာပေါ့………………………………………………………..
ငါ့ဆီ ကို လူလိမ် တစ်ယောက် ရောက်လာခဲ့သေးဘူးတယ်…………………………..
(၁) ဘ၀ ကိုအသေသတ်ခြင်း
   ငါ့လက်ထဲမှာစတေးမယ်ဆိုရင်
ပထမဆုံးပေးဆပ်ရမယ့် ရှာဖွေခြင်းကို အိပ်ထဲ ထည့်ပေးပါတဲ့ 
၃၃ လုံးမြောက်သော စကားဝါကျတွေ ကို ပင်အပ်များနှင့် ငါ့ကိုယ်ပိုင်မျက်နှာ ကို
အပိုင်အနိုင် ရိုက်သွင်း လိုက်ပါ……………..
(၂) ရေပန်းစားနေသူ
     ဒါ ဟာလည်း ဘ၀တစ်ခုကနောက်တစ်ခု အား… ပြက်ရယ်ပြုနေခြင်းလို့ ဆိုရင်
နောက်ထပ် ပုစ္ဆာ တစ်ခုကိုရွေးချယ်ကြည့်ပါဦး…
 ဖြစ်တမ်စွမ်းတွေ နည်းနေတယ်နော်………….
(၃) လူတွေ သတ်သေနေကြခြင်း
  ဒါကတော့ရှင်းပါတယ်…..
    (က) ရည်းစားနဲ့ အသဲကွဲ ခြင်း (၁၀၀) ပြည့်သောအကြိမ်
    (ခ)   အိမ်ထောင် (၁၀) ကြိမ်ပြုခြင်း
     (ဂ)  လူသူများနဲ့ ဝေးကွာသွားခြင်း
    ( ဃ)  ယဉ်ယဉ်လေးနှင့် ဂေါက်နေခြင်း
     (င)    ကိုယ့်ကိုယ်ကို အဟုတ်ထင်နေခြင်း
(၄)     ဘ၀ တစ်ခုကို ကူးပြောင်းခြင်း နိယာမ
      လေထုကို ရှု ရှိုက်ကြည့်လိုက်ပါ………….. (မင်းစိတ်ထဲကနေအော်ခေါ်ကြည့်ပေးပါ…)
           “ မင်း ရဲ့ .. ဒုတိယ ဘုရားသခင်ကို တွေ့ နိုင်တယ်….”
 ဒါဆိုရင်… တစ်ခုခုကို မင်းပြောရမယ်…. (မင်းဘ၀ ရဲ့ ဘုရားသခင် ကိုဘာပြောမယ်လို့ စဉ်းစားထားလဲ..)
  (၅)   အကြံ အစီ တစ်ခုတော့ရှိပါ….
      ငါသည်… အတ္တ သမား တစ်ယောက်ဖြစ်သည် ဟု.. ကြိမ်းဝါးထားပါ….
  ငါ့ မှာ ကိုယ်ပိုင် နံပါတ်တစ်ခုရှိရမယ်လို့ လည်း …မင်းသိထားပေးပါ
                    ( ကျွန်တော် ကိုယ်ပိုင် နံပါတ် ကတော့… ၄၂၀..)
       ခင်ဗျားရော… ဘယ်လိုသတ်မှတ်ထား လဲ….
 (၆)  အဟာရပြည့်ဝသော အစားအစာ
       ရည်းစားများများထားပေးပါ………………..
  ဒါ ကျွန်တော့်  အဆိုမဟုတ်ပါဘူး….. ( ဂျပန် မင်းသားတစ်ယောက် ပြောဖူးသော စကားဖြစ်သည်…)
     ဒါဟာ မျက်နှာ ကော…. စိတ် ဓါတ်ကော နုပျိုစေသော..အားဆေးတစ်လက်ဖြစ်သည်….(သောက်ရန်မဟုတ်)
   ဒီလိုဆို…(၇ည်းစားမရှိသူကော…..?)
         ဂျပန်ကားများများကြည့်ပေးပါ……….(Death of socity ) လိုကားမျိုး…..
 ဒီလိုဆို ရင်…. (အသဲကွဲနေသူအတွက်ကော….)
          ရန်ကုန်မြို့ လှိုင်မြို့နယ်ထဲကို များများသွားပေးပါ
                    ဗဟန်းမြို့ နယ်ကို သွားပါ
                     ကျောက်မြောင်းကိုသွားပါ
                    စမ်းချောင်းကိုသွားပါ
            နောက်ဆုံး။……………………….(အလွယ်ဆုံးကတော့….  ကန်ဘောင်များများသွားပေးပါ..)
 ဓါတ်ဆာ အနေနဲ့ ကတော့…. (၃၄) လမ်းကိုသာ သွားလိုက်ပါ…..
(၆)   လော ဘကြီးသူများ
         အတ္တ ကိုရှေ့ တန်းတင်ရင်မှား ပါလိမ့်မယ်….
 ဒါကြောင့် မုန့် ဖက်ထုပ်များများစားပေးပါ….. မုန့် စိမ်းပေါင်းစားပါ….( ဖြစ်နိုင်ရင် ပေါက်စီ တစ်ခွက်လောက် သောက်ပါ..)
(၇) ဒိတ်ဒိတ်ကြဲ..
            ဒါကတော့ ရှင်း တယ်….. ကိုယ်ပိုင်နံပါတ်တစ်ခုကိုပဲ …သိမ်းထားလိုက်
         မင်းဘ၀အရှေ့ မှာ ဘယ်တော့မှထုတ်မပြမိဖို့ ပဲ….
       လွင့်တော့မပြစ်လိုက်နဲ့ …..
     လွင့်ပြစ်မိရင်လည်း.. သူများမကောက်စေနဲ့ …..
  မကြွေ သေးတဲ့ ပန်းကိုလည်း မနမ်းမိပါစေနဲ့….
(8)  အင်္ဂလိပ် အက္ခရာ များ….
      ခင်ဗျား….. ရူးဘူးလား………? ( ဒါက ဗီသိုဗင်ရဲ့  အကြွယ်ဝဆုံး စကားတစ်ခွန်းပါ…)
   မဖြစ်နိုင်ဘူးလို့ တော့မထင်လိုက်နဲ့ နော်…….
 တစ်ခါတရံ မှာ လည်း …. တစ်ယောက်တည်းတော့ရူးဖူးမှာပေါ့…
(၉x)        ငါဟာ… ကမ္ဘာကျော်လူသား
         ကိုယ့်ကိုယ်ကို ရွက်လွင့်ဖူလား…….
 ကျွန်တော် တိမ်တွေ ပေါ်ကိုရောက်ဖူးတယ်……. ရည်းစားနဲ့ ပေါ့(တချို့ သိချင်သိမယ်….)
      တိမ်တွေ ပေါ်က ပြန်လည် ပြုတ်ကျတဲ့ အခါမှာတော့… ဖင်ညောင့်ရိုးတွေ တော်တော် အောင့်တာဗျ…
 တချို့ကတော့ပျော်လို့ ….. တချို့ ကတော့ စိတ်ကုန်ခဲ့ဖူးတယ်….. တစ်ခါတစ်ခါဆို ဆေးတွေ ပါဆောင်ထားရတယ်…..
(၁၀)။။။ စိတ္တဇ
           ည တစ်ခုကို တစ်ယောက်တည်း ဖြတ်သန်းဖို့ နဲ့ …..
        နှစ်ယောက်အတူဖြတ်သန်းဖို့ တွေးကြည့်မိဖူးလား။။…( ဒါရိုင်းချင်ရင်ရိုင်းနေမယ်….)
     လောက ကြီးက သဘာဝ ကျကျ ဖြစ်ဖို့ သူဟာနဲ့ သူဖန်တီးပေးထားပြီးသားပါ….
(ကိုယ်က ထပ်မဖောက်ပါနဲ့ …..) မင်းကိုယ်မင်း ပြန်လည် သုံးသပ်ပေးပါ
        ကိုယ့်ကိုကို ကော လိမ်ဖူးလား……………………… တစ်ယောက်တည်းပေါ့…..
                                                                              အာကာ
                                                            ကိုယ့်ကိုကိုယ်မလိမ်မိစေဖို့ တော့…ပြောပရစေ….
In: ကဗျာ Posted By: Date: Dec 12, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment