Professional Authors

ဈေးနေ့

ဈေးတစ်ခု…
ဟိုးနောက်ဆုံးတန်းမှာ
အကျီ င်္မရှိတဲ့သူတွေလေ
ခွန်အားနဲ့ မာနကို ဈေးပေါပေါနဲ့
ကုန်ကြမ်းလုပ်ရောင်းချနေကြတယ်..

အဲဒီဈေးရဲ့
အလယ်ဘက်မကျတကျမှာလေ.
ဘွဲ့လက်မှတ်တွေ ကိုင်ထားတဲ့လူတစ်စု
အချိန်နဲ့ ပညာကို ဈေးချိုချိုနဲ့
ကုန်ကြမ်းလုပ်ရောင်းနေကြတယ်…

ဒီဈေးရဲ့
အရှေ့ဘက်ကျကျ မှာ
ဓနနဲ့ ပညာကို အိပ်ထဲထည့်ထားတဲ့လူတစ်ချို့
ငွေကြေးတစ်ချိုကိုကိုင်ပြီး
ဘွဲ့လက်မှတ်တချိုကို ဈေးချောင်ချောင်နဲ့
အပေါင်ခံနေကြတယ်..

အဲ..
အဲဒီဈေးရဲ့
ရှေ့ဆုံးမှာတော့
ဝတ်ကောင်းစားလှတွေဝတ်..
ကားတွေ စီး ဖုန်းတွေကိုင်ထားတဲ့လူတစ်စ နှစ်စဟာ
သိက္ခာနဲ့ အမှန်တရားကို ဈေးကြီးကြီးပေးပြီး…
ဝယ်ရောင်းလုပ်နေလေကြတယ်…

In: ကဗျာ Posted By: Date: Dec 12, 2012
Comment #1

Nice

commentinfo By: ei lay at Dec 12, 2012
Comment #2

I love ur idea so much!

commentinfo By: မေပျို at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment