Professional Authors

နှင်းပျောက်တဲ့ မနက်

ဘ၀တစ်ခုလုံးတောင်ပေးအပ်ခဲ့ပြီးမှာ

ဘာထပ်လိုချင်သေးတာလဲ.

မျက်ရည်တွေလား

မာနတွေလား

အတိတ်ခါးခါးတွေလား.

အနာဂတ်မဲ့တဲ့ ဘ၀တစ်ခုကိုလား

ငါဘာကိုမှမသိချင်တော့ပါဘူး..။

ခံစားလို့မရဘူးတဲ့

မင်းဘ၀တစ်လျှောက်လုံး

ငါ့နှလုံးသားနဲ့လမ်းခင်းပေးခဲ့ပါရစေ

ကျေးဇူးတင်မနေပါနဲ့တော့

ငါကိုယ်တိုင်တွယ်ရာမဲ့လမ်းတစ်လျှောက်

စီးဆင်းနေချင်လို့ပါ။..။

 

ဘ၀တစ်ခုလုံးကိုတောင်ပးအပ်ခဲ့ပြီးမှာ

ဘာထပ်လိုချင်သေးတာလဲ.

ငါ့ရင်ငွေ့မှာခိုလှုံခဲ့ရတဲ့ အချိန်လေးကို

မင်းမတပ်မက်ခဲ့ရင်တောင်

ငါလေ…စွဲလမ်းစွာနဲ့ အဝေးကပဲ

ငြိတွယ်နေမှာပါ…

ကိုကိုတဲ့

မင်းခေါ်ခဲ့တဲ့အချိန်လေးကို ဇာတ်လမ်းအခွေတစ်ခုလို

ရပ်ထားခွင့်ရမယ်ဆိုရင်

ကမ္ဘာတည်သရွှေ့ရပ်ထားချင်ပါရဲ့။..။

 

ဘ၀တစ်ခုလုံးကိုတောင်ပေးအပ်ခဲ့ပြီးမှာ

ဘာထပ်လိုချင်သေးတာလဲ.

ငါ့အိပ်မက်တွေလား

ငါ့အနာဂတ်တွေလား..

ဘာမှကိုမလိုချင်ပါဘူး။..။

ဒီဘ၀မှာ အချစ်ဆိုတာကို ဆုံတွေ့ခွင့်လေး

ပေးထားခဲ့ရင်ပဲ မင်းအနားမှာရှိနေနိုင်တဲ့ လူပါ။..။

 

ဘ၀တစ်ခုလုံးကိုတောင်ပေးအပ်ခဲ့ပြီးမှာ

ဘာထပ်လိုချင်သေးတာလဲ ကောင်မလေးရယ်။..။

ငါ့အတိတ်ခါးခါးတွေကို

ဝိုင်ချိုချိုတခွက်နဲ့မျှောချပြီး

ငါလေတိတ်တဆိတ်ကြေကွဲနေပါရစေ။..။

 

ဘ၀တစ်ခုလုံးကိုတောင်ပေးအပ်ခဲ့ပြီးမှာ

ဘာထပ်လိုချင်သေးတာလဲ

ချစ်သူလေးရယ်..။

ငါ့အိပ်မက်တွေကိုအနာဂတ်ဆိုတဲ့မှုန်ဝါးဝါး

အတ္တပေါ်မှာကြိုးမိန့်ပေးခဲ့စမ်းပါ။..။

In: ကဗျာ Posted By: Date: Dec 12, 2012
Comment #1

Pay me so p da ke ma pay loh nay hmar pop.
😛

commentinfo By: ei lay at Dec 12, 2012
Comment #2

ငါ့အိပ်မက်တွေကိုအနာဂတ်ဆိုတဲ့မှုန်ဝါးဝါး

အတ္တပေါ်မှာကြိုးမိန့်ပေးခဲ့စမ်းပါ။..။

commentinfo By: မေပျို at Dec 13, 2012
Comment #3

really?

commentinfo By: ei lay at Dec 20, 2012
Comment #4

🙂 မလုပ်ပါနဲ့. လျှာထွက်ပြီး မျက်လုံးပြူးနေတာ မမြင်ရဲလို့ပါ

commentinfo By: satanzone at Dec 21, 2012
Comment #5

Ma loak ye be ne myar sain khaw nay Tay de.
A hhak..
😛

commentinfo By: ei lay at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment