Professional Authors

သေဆုံးသွားတဲ့ဆောင်း

အလွမ်းတွေတနင့်တပိုးနဲ့ ကြေကွဲနေတဲ့ကောင်းကင်အသေတစ်ခု
မည်ကာမတ္တအတွေးတွေလွယ်ထားရင်း ခပ်ရင့်ရင့်သီကျူးခဲ့ရ
ဒီလိုဆောင်းမနက်တွေတိုင်း ဒီဇင်ဘာဟာမသိသလိုနေနိုင်လွန်း
ဒီလိုနဲ့မရပ်မနားသွားခဲ့တာ ရာစုတစ်ခုကိုကျော်လွန်သွားခဲ့
နှင်းမကျလို့ဆောင်းမဟုတ်တာလား
ဆောင်းမဟုတ်လို့နှင်းမကျတာလား
ဥတုသုံးလီရာသီစက်ဝန်းပြောင်းချင်လွန်းခဲ့
ဆောင်းအသေတွေရဲ့ကြားမှာ ခြောက်ခြား
မင်းမရှိခဲ့တာဆောင်းတွေများလွန်းသွားခဲ့
အခုတော့ ကျွန်တော်ရဲ့ဆောင်းတွေ
နေသားတကျရှိခဲ့ပါပြီလေ ။              ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 10, 2012
Comment #1

အရမ်းမိုက်တဲ့ ဆောင်း .. ဒီတစ်ခါ ဒီဆောင်းနှင်းဝေပါ့မလား မသိဖူး

commentinfo By: မေပျို at Dec 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment