Professional Authors

သစ်တစ်ပင်

ငါ့ အခက်ကိုချိုး
ငါ့ အရွက်ကိုနင်း
ငါ့ အသက်ကိုဖျက်
အရိပ်ရနေတုန်းကတော့
ငွားငွား စွင့်စွင့် … ။
ရာစုသစ် ကိုလိုနီမှာ
ငါ့ ငြင်းပိုင်ခွင့်
လူမသိ သူမသိ ..
ငါ့ မြေ
ငါ့ ရေ
ငါ့ သယံဇာတတွေ
ကုန်အောင် သွေးစုပ်ပြီးမှ
အခု  ….
အခု …….
အခု ………….
လူတွေ လူတွေ . လူတွေ ….. ။

In: ကဗျာ Posted By: Date: Dec 7, 2012
Comment #1

ဝေဟင်မပါဘူးနော် မမေပျို။ကျွန်တော်က ဆက်လက်ရှင်သန်ခွင့်ရအောင်ရေလောင်းပေါင်းသင်သွားမှာပါ။

commentinfo By: soewaihin at Dec 7, 2012
Comment #2

ဟုတ်ကဲ့ရှင့် စိုက်လည်းစိုက်ပေါ့နော် ကျေးဇူးပါ သစ်ပင်တွေကိုယ်စားပေါ့

commentinfo By: မေပျို at Dec 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment