Professional Authors

အမုန်း သခင်မ သေစားသေစေ တရားစီရင်ခန်း – နိုးဆက် နေ့

 

 

 

(၁)

အကြင်သူကား….

ဒါးမကြောက်… ဒဏ် မကြောက်

မီးမကြောက် မြွေမကြောက်

နွယ်မကြောက် နွံမကြောက်..

မဖြစ်စလောက် နဲ့ ဖြစ်မြောက်ခဲ့သော

တစ်ထောင့်ငါးရာ မေတ္တာတရားဖြင့်

သခင်မ ထံပါး

သေစားသေစေ ကျခဲ့သူ…

 

(၂)

သခင်မကား

ပန်းတို့ ပျော်ရာ..မွေးဖွား

ရာဇ၀တ်သား၏ ကဗျာများအား

မီးလှုံ နွေးထွေးခဲ့သော

ကြယ်ကြွေများနှင့်ယက်လုပ်

ထိုသူ၏ ရင်တွင်း ပန်းပုရုပ် တစ်ခု..။

 

 

(၃)

မျိုးစုံသော ညှဉ်းပန်းနည်းတို့အား

အကြင်သူ ကျော်ဖြတ်ခဲ့ပြီ.

အမုန်းတရားများအား ခါးသီးစွာ စားသုံးခဲ့ပြီ..

အနာတရ များအား ခ၀ါချနိုင်ခဲ့ပြီ….

 

(၄)

ထိုသူသည်

စုတ်ပြတ်နေသော ကိုယ့်ကိုယ်ကို အကျဉ်းချ

နွေးထွေးနေဆဲ ရင်အုံကို ရှေ့တန်းတင်

မော်ဖူးချင်လိုသော ဆန္ဒဖြင့်

သေစားကျခံရန်.

ရိုကျိုးစွာ ၀င်ရောက်ခဲ့ပြန်ပြီ ဖြစ်၏.။

 

(၅)

သခင်မ အမျက်တော် ရှသည်.။

ထိုသူ၏ သက်တမ်း

နောက်ထပ် နှစ်ဆယ့် လေးနာရီ တိတိ.။

 

(၆)

မနက်ဖြန်မရောက်မီ

Message Box မှာ I Love You ဟု

ထိုသူ ခတ်နှိပ်ခဲ့၏.။

မေတ္တာ တရား…

ထာဝရ တည်ပါစေသား….။။

 

(၇)

အို…မေတ္တာတရား

ထာဝရ တည်ပါစေသား..။

တိုင်တည်ငြား..

မည်သူ မှ ကြားနိုင်မည် မဟုတ်..။

 

(၈)

မနက်ဖြန်

ထိုသူ၏သေမိန့်ကိုကား

အားလုံး ကြားနာရလိမ့်မည်..။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Dec 7, 2012
Comment #1

အချစ်အတွက် အသက်ပင်သေသေပေါ့ရှင် .. ဟိ နောက်တာပါ .. ခံစားအားပေးသွားတယ်ရှင့် ကိုနိုးဆက်နေ့ရေ

commentinfo By: မေပျို at Dec 7, 2012
Comment #2

+__+
+__+
+__+

commentinfo By: ei lay at Dec 8, 2012
Comment #3

ကဗျာကောင်းလေးပါပဲဗျာ…ကြိုက်တယ်

commentinfo By: poem.poem28 at Dec 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment