Professional Authors

တိမ်တွေပေါ် သူ့ကိုခေါ်သွားတယ်(genius)

တိမ်တွေပေါ်
သူ့ကို ခေါ်သွားတယ်
တီးတိုးစကားသံ
နှစ်ကိုယ်ကြား
ပဲ့တင်ထပ်နေအောင်
ရင်ခုန်နှူန်း ညှိုခဲ့တယ်။

တိမ်တွေပေါ်
သူ့ကို ခေါ်သွားတယ်
ရထားလမ်းမှာ
လမ်းလျှောက်တဲ့ အကြောင်း
ကန်တော်ကြိးက
ကရ၀ိတ်နှစ်ကောင် အကြောင်း
မျက်ဝန်းမှတစ်ဆင့်
နားဆင်လို့ ရခဲ့တယ်။

တိမ်တွေပေါ်
သူ့ကို ခေါ်သွားတယ်
ရှိတ်စပီယားဝှက်ထားတဲ့
အချစ်ပြဇာတ်အတိုင်း
နှလုံးသားအတွက်
အသက်အောင့် ငိုပြခဲ့တယ်။

တိမ်တွေပေါ်
သူ့ကို ခေါ်သွားတယ်
ဆက်ပြီးတော့
သူ နဲ့ ကျွန်တော်
ကမ္ဘာ အပြင်ထွက်ပါဦးမယ်။

In: ကဗျာ Posted By: Date: Dec 7, 2012
Comment #1

ကြားရတာ စိတ်ချမ်းသာတယ်နော် .. တိမ်တွေနေတဲ့အရပ်ဆီကိုပေါ့ ..

commentinfo By: မေပျို at Dec 7, 2012
Comment #2

😉
😉
😉
Sweet drama.

commentinfo By: ei lay at Dec 9, 2012
Comment #3

လပေါ်မှာသွားကစားကြပါလား မိုက်တယ် ( just kidding)
ကဗျာပုံစံလေးက ပေါ့ပေါ့ပါးပါးလေးဘဲနော် မိုက်တယ်ဗျ ဖတ်သွားပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 18, 2012
Comment #4

🙂

commentinfo By: ei lay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment