Professional Authors

ကိုယ်.ကိုကိုယ်တောင် မသိတဲ.အကြောင်း

ကိုယ်.ကိုကိုယ်တောင် မသိတဲ.အကြောင်း

ဟိုအရင်ငယ်ရွယ်စဉ်ဘဝ
ပညာမာန် ခွန်အားမာန်
မာန်ပေါင်းများစွာကို ပိုင်ဆိုင်
ဆုပ်ကိုင်ထားနိုင်စဉ်တုံးက
လက်ညိုးညွှန်တာနဲ.ရေဆိုရင်ရေ
မြေဆိုရင်မြေ
လိုချင်တာဘာမဆိုအကုန်ဖြစ်
အောင်မြင်မူ့နဲ့ယစ်မူးလို.နေနိုင်စဉ်က
အားလုံးပေါ်ထားတဲ.အမြင်
တစ်ခြားသူကို နှိမ်.ချ
နေရာတကာမှာ
ငါသာဆိုရင် ဆိုတဲ့ အတွေးနဲ့
ဘ၀င်လေးတွေရှိခဲ့ဘူးတယ်။

သည်လိုနဲ့နှစ်ပေါင်းများစွာ
အားလုံးဟာ
ပျော်စရာတွေပါလားလို့သတ်မှတ်
ဘ၀ကိုဖြတ်သန်း
ကိုယ့်အထင် နဲ.ကိုယ်ကတော့
အောင်မြင်တယ်ဆိုတဲ့ဘ၀င်တွေနဲ့နေရင်း
မထင်မှတ်ဘဲလက်ခံလိုက်ရတဲ့ရုံးနိမ့်ခြင်း
မတောင်းဆိုဘဲရောက်လာသောဒုက္ခ
မလိုလားဘဲ ရလာတဲ့ဆုံးရုံးခြင်း
ပြင်ဆင်လို့မပြီးမှီရောက်လာသောအိုမင်းခြင်း
စိတ်သွားတိုင်းကိုယ်မပါ
လိုရာကလဲ အရင်လိုမရောက်နိုင်ပြီဆိုမှ
ငယ်ငယ်တုန်းက ဘယ်လိုအောင်မြင်ခဲ.တဲ.အကြောင်း
ပြန် ပြန်စဉ်းစားလို.အရသာခံနေရင်း
ခံတွင်းချဉ်လာတယ်ဆိုမှ
ကိုကိုယ်တိုင်ကလည်း
အချိုကုန်နေတဲ့ ပီကေဖြစ်နေတာကို
အလန့်တကြား သတိရမိပါတယ်။

ကိုပေါက်လက်ဆောင် အတွေးစဉ်

Comment #1

နှင်းနုက ခေါင်းစဉ်လေးကို သဘောကျမိတယ်…… လောကသဘောဝပဲပေါ့လေ…….

commentinfo By: Snow Pan Lay at Jul 1, 2010
Comment #2

ကျွန်တော်ငယ်ရွယ်သူတစ်ယောက်ပါ။ဒါပေမဲ့ ခံစားမိပါတယ်……..

commentinfo By: ကျော်ငြိမ်းအောင် at Jun 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment