Professional Authors

တစ်ထိုင်တည်းနဲ့ သွက်သွက်ခါသွားအောင် ၀ိုင်းထိုးနေကြတဲ့လက်ညှိုးတွေကို ကြည့်ရင်း ကိုယ့်ကိုယ်ကို ဆော့ခရတ္တိလိုလို ထင်ယောင်လာတာ

ဆောင့်အုပ်လိုက်တဲ့ကားဘရိတ်ထဲက

ဒရိုင်ဘာနဲ့စပယ်ယာရဲ့ အတိုင်အဖောက်ညီတဲ့မအေကိုင်တုပ်သံ။အဲဒီအသံရဲ့ဗဟိုတည့်တည့်

မျဉ်းကြားပေါ်မှာ ဆွံ့အမှုဟာ။တစ်ဝက်မီးကျွမ်းပြီး တစ်ပိုင်းတစ်စက မိုးရေတွေ ရွှဲနစ်ခဲ့ရဟန်။

ထမင်းတစ်နှပ်စားပြီးတိုင်း ဘ၀ကို ရှစ်နာရီစာအကောင်းမြင်စိတ်နဲ့ တွေးခေါ်မိ။နှစ်ဆယ့်လေး

နာရီတစ်ချို့ကို လက်ဘက်ရည်တစ်ခွက်နဲ့ ဆန်တက်နေခဲ့သူတွေ ဘယ်လောက်။

 

အေးချမ်းဆိတ်ငြိမ်စေချင်တယ်။မိန်းမတစ်ယောက်ကို ရေဆာသလို တမ်းတ။

 

စိတ်နဲ့ထိခတ်မိသမျှ ရာနှုန်းပြည့်၊ရုပ်အားဖြင့်တော့ ၀.၀၁အချစ်ဦးလား။ကျွန်မ ဘာကြောင့်

ရှင့်ကိုယုံခဲ့မိတာလဲ စဉ်းစားလို့မရဘူး။ရစရာရှိတာတွေ ရချင်နေမိ[(ပုထုဇဉ်)(ရစရာမရှိအောင်

စုတ်ပြတ်နေတာ)]။နောက်ထပ်စော်ကားရင် တစ်ယောက်ယောက်ရဲ့လည်မြိုကို တက်နင်းမိတော့မှာ။

 

၁။          ။ နေစရာရှာနေတယ်

၂။          ။ သူ့လက်ထဲမှာ ပိုက်ဆံနည်းနည်း ကျန်နေသေးလို့ သူခံနိုင်ရည် ရှိနေတယ်၊

                သူ့လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့ရင် သူ ပိုပြီးခံနိုင်ရည်ရှိရမယ်။

၃။          ။ မိန်းမတစ်ယောက်ရဲ့ပါးဟာ နမ်းရင် နမ်း မနမ်းရင် ရိုက်ဖို့ပဲ။

၎။          ။ (နားလည်အောင်ရှင်းပြဖို့ ကြိုးစားရင်း . . .)

၅။          ။ အသည်းကွဲတာပဲ။

 

တစ်ကိုယ်လုံးတုန်ဟီးမတတ် အသံတိတ်ဗလောင်ဆူ။ဟာသတစ်ပုဒ်။အော်ရယ်လိုက်တဲ့ငိုသံက

တစ်ခန်းလုံးပြည့်လျှံကျလာ။အငြင်းဝါကျတစ်ကြောင်းသုံးပြီး လက်ထပ်မယ့်ယောက်ျားကို

အမဲဖျက်သွား။အမေတွေက ထစ်ခနဲဆို မျက်ရည်။အစစအရာရာ အဆင်ပြေကြောင်း၊သာကြောင်း၊

မာကြောင်းချည်းပဲ စွတ်ပြောနေရတယ်။

 

ကြောက်တတ်ရင် ကြောက်နေတဲ့အခါတိုင်း သေရတယ်။တရားဓမ္မဆိုတာ စာအုပ်ထဲက စကားလုံးပါ။

အိမ်ပြန်နေသူတွေကို ကြည့်ရင်း ကြည်နူးမှုကို နို့သက်ခံစို့ရ။ကိုယ့်လက်ဖ၀ါးမှာ စိုက်ဝင်နေတဲ့သူ့လက်

ဗွေရာတွေကို ဓားနဲ့ခြစ်ယူချင်စိတ်များ ပေါက်နေမလား(မသိ)။ပေါင်မုန့်တစ်ချပ်ကို နှစ်ယောက်မျှစားမယ်

(ဆိုတဲ့)မိတ်ဆွေတွေ ဘယ်မှာ။ကိုယ့်ကိုယ့်ကို ပျော်အောင်မွေးနေတယ်။ကိုယ့်ကိုယ်ကို မသေချင်အောင်

တွေးကြည့်တယ်။

 

မှောင်မည်းတိတ်ဆိတ် ကြောင်လက်သည်းခြစ်သံတွေ အူဝေပေါ့ပျံကျညများ။ဘယ်သူနဲ့မှ မတွေ့တော့ဘူး။

ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး။နွေမိုးဆောင်း ဘယ်နှလီ၊ပြက္ခဒိန် ဘယ်နှရွက်။ဥပေက္ခာ။ဝါကြင့်နေရမလဲ။

အရသာကို ရေလာမရောနဲ့။လျှာကို လမ်းပေါ် တန်းလန်းဖြန့်ခင်း ကားတွေ တဒုန်းဒုန်း တက်ကြိတ်နေတ။

ရယ်ရတယ်။ကြည့်နေတယ်။ကြည့်လိုက်ရင်း ရယ်ရတယ်။ရယ်နေရင်း ကြည့်နေတယ်။

ကားတွေတက်ကြိတ်နေတဲ့လျှာတန်းလန်းပျံကျညများ . . .

 

ကိုသျှား

 

 

In: ကဗျာ Posted By: Date: Dec 6, 2012
Leave comment commentinfo 1 Comment & 237 views
Comment #1

နဲနဲလျှော့ပါအုံး……တအားပြင်းထန်နေတယ်

commentinfo By: May Kha at Dec 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment