Professional Authors

‘ရာစုသစ်ရဲ့ သုဘဒ္ဒါ’ (ဝေဟင်)

ရက်စက်ခြင်းကို ပိုသားနားအောင်
နှုတ်ခမ်းပါးမှာ ဆင်တဲ့အပြုံး
အမုန်းအပြည့်နဲ့ စူးရှ
ဝင့်ထည်ခမ်းနားလွန်းပါတယ်……..။

မမေ့နိုင်ခြင်းကမ္ဘာမှာ
နေတာခြင်းတူပေမဲ့
နှလုံးခုန်တဲ့ မူဝါဒ ကွဲပြားသူရယ်ပါ……။

ငါက ချစ်ခြင်းရဲ့ခေါင်းစဉ်အောက်
ချစ်တာအစ လွမ်းတာအဆုံး

အဆုံးသံသရာထိ စစ်မကြေငြာဘဲ

အမုန်းကမ္ဘာဆိုတာ မရှိရအောင်
ရင်မှမေတ္တာ ကြေငြာစာတမ်းနဲ့ 
သ၀ဏ်လွှာကတစ်ဖက်
အလံဖြူကတစ်ဖက်ရယ်ပါ……….။

မင်းက အမုန်းဆိုတဲ့ခေါင်းစဉ်အောက်မှာ

မုန်းတာအစ ရက်စက်တာအဆုံ့း

တိမ်ဖုံးနေတဲ့ နှလုံးသားတဲ့

မျှော်လင့်ချက်တွေကို လောင်ကျွမ်းစေ

နှလုံးသားကို အစိတ်စိတ်မွှန်းဖို့ 
မီးတုတ်ကတစ်ဖက်
အသွားထက်ထက် ဓားတစ်လက်က တစ်ဖက်ပေါ့……။

ရက်စက်ချင်ရင်လဲရက်စက်
အသေသတ်ချင်ရင်လဲအသေသတ်ပါ
ဆင်ခြေမဲ့နှလုံးသားတစ်ခု
ပေးထားပြီးကတည်းက
အနာဂါတ်ကိုလဲ ငါမပိုင်
မနာရက်နိုင်တဲ့ ဒီကောင်က
ရာသက်တိုင် ရိုးမြေကျ
ချစ်လျက်၊လွမ်းလျက်၊တမ်းတလျက်ပါပဲ……..။

မင်းနဲ့ ငါ့ ကြားမှာ
တစ်ယောက်က သားကောင်
တစ်ယောက်က ထောင်ချောက်ဆိုရင်
သားကောင်က ငါ
ထောင်ချောက်ကမင်းပေါ့
သိလျက်နဲ့ထောင်ချောက်လှလှမှာ
စေတနာတွေ ဗရပွနဲ့ 
ကိုယ့်ကို ကို အနှောင်ကျခံခဲ့သူ
ရက်စက်တယ်ဆိုပြီး ရုန်းထွက်ဖို့ လဲမကြိုးစား
အလွမ်းသတ်သတ်နဲ့  အချစ်သမားပေါ့…။

ဒီတစ်ညလည်း
အိပ်လို့ မရသူ နှစ်ယောက်ရှိရင်
တယောက်က ငါ
ကျန်တယောက်က မင်း
ငါက ချစ်ခြင်းရဲ့အိပ်မက်ကနိုးထ
အချစ်ငတ်စွာနဲ့ မျက်ဝန်းတစ်စုံ
လွမ်းဆွေးတမ်းတမှုပုံနေသူ
မင်းက မုန်းခြင်းရဲ့အိပ်မက်ကနိုးထ
ရက်စက်ခြင်းမျက်ဝန်းတစုံနဲ့ 
နာကျည်းမုန်းတီးမှုတွေ ပြည့်နေသူ
အဲ့ဒီမျက်ဝန်းအစမှာကတည်းက
ငါက လှလှပပ ရှုံးနိမ့်ခြင်းနဲ့ ကျေနပ်နေသူပါ………။

ဒီလိုနဲ့ မင်းက
အချစ်ဆိုတဲ့ဆေးမှာ အဆိပ်ခက်သူ
ငါက အဆိပ်တတ်အချစ်ခွက်ကိုမှ
မက်မောစွဲလမ်းစွာသောက်သုံးသူပေါ့
ခါးမှန်းသိရက်နဲ့ မင်းအလိုကျ
အခါတရာမက သောက်ခဲ့သူပါ……။

မေးပါရစေ ချစ်ရသူ
သုဘဒ္ဒါကို အားကျနေရင်
သောနုတ္တရ မလိုပါဘူး
ဘ၀၊နှလုံးသား၊အသွေးသားကို
အချစ်ဆိုတဲ့ ပါဆယ်ထုပ်မှာ
အဆင်သင့်ထုပ်ပြီးသားပါ
သွန်လိုသွန် မှောက်လိုမှောက်ပေါ့
ဦးပုည လိုညွှန်းရရင်တော့
မျက်နှာငွေလ ရွှင်ပြပြနဲ့ 
ခင်မ ၀မ်းမြောက်ပါစေသတည်း…………။

ဝေဟင်

In: ကဗျာ Posted By: Date: Dec 5, 2012
Comment #1

အရမ်းကောင်းတယ် .. အရမ်းကြိုက်တယ် .. ကော်ပီထားတယ် .. တကယ်ပြောတာပါရှင့် .. ကိုဝေဟင်ရဲ့ ကဗျာလေးတွေက တစ်ဖြည်းဖြည်း ပိုပိုကောင်းလာတယ်နော် .. အားကျတယ်ရှင်

commentinfo By: မေပျို at Dec 5, 2012
Comment #2

တဖြေးဖြေးနဲ့ ကောင်းလာတယ်ဆိုတော့ အရင်ကမကောင်းဘူးပေါ့နော်။

စတာပါ မမေပျို။အခုလိုအားပေးစကားဟာ အားဆေးအခွက်တရာထက်တန်ဖိုးရှိပါတယ်။ကျေးဇူးပါ။

commentinfo By: soewaihin at Dec 5, 2012
Comment #3

မဟုတ်ရပါဘူးရှင် .. အရင်ကတည်းကလည်း ကိုဝေဟင့်ကဗျာတွေကို ဖတ်နေကျပဲဆိုတာသိမယ်ထင်ပါတယ် .. ကျေးဇူးတင်စရာမလိုပါဘူး နော် .. နောက်လည်းအားပေးဝေဖန်မှာပါ .. ဟိ .. အများကြီးရေးနိုင်ပါစေရှင့်

commentinfo By: မေပျို at Dec 5, 2012
Comment #4

အမြဲအားပေးသူဆိုတာ သိပြီးသားမို့လဲ ပိုကြိုးစားသွားမယ်နော်။
လေးစားစွာဖြင့်

ဝေဟင်

commentinfo By: soewaihin at Dec 5, 2012
Comment #5

Sa karr tway po tat lar de.
Really excellent

commentinfo By: ei lay at Dec 5, 2012
Comment #6

မအိလေးကလည်း အားပေးတယ်ပေါ့နော်။ကျေးဇူးပါ။

commentinfo By: soewaihin at Dec 5, 2012
Comment #7

စကားတွေပိုတတ်မလာ ဘူးဗျာ။မအိလေးတို့ ပေးတဲ့ စကားလုံးတွေပါ။

လေးစားစွဖြင့်
ဝေဟင်

commentinfo By: soewaihin at Dec 5, 2012
Comment #8

စကားတွေပိုတတ်မလာ ဘူးဗျာ။မအိလေးတို့ ပေးတဲ့ စကားလုံးတွေပါ။

လေးစားစွာဖြင့်
ဝေဟင်

commentinfo By: soewaihin at Dec 5, 2012
Comment #9

မမေပျိုကို တခုလောက်မေးလို့ ရမလား။မေပျို နဲ့ maypyo22889 ကအတူတူလား။

commentinfo By: soewaihin at Dec 5, 2012
Comment #10

ဟုတ်ပါတယ်ရှင့် .. တူတူပါပဲ .. အရင်ကအကောင့်ကို password မမှတ်မိတော့လို့ အသစ်လျှောက်လိုက်တာပါ …. ကိုဝေဟင်

commentinfo By: မေပျို at Dec 6, 2012
Comment #11

အခုလို စိတ်ရှည်လက်ရှည်ပြောပြသွားတာ ကျေးဇူးပါ မမေပျို။

commentinfo By: soewaihin at Dec 6, 2012
Comment #12

‘ရာစုသစ်ရဲ့သုဘဒ္ဒါ’ကို လိုအပ်ချက်များ ပြန်လည်ရှာဖွေ ဖြည့်စွပ်ထားပါသည်။ဒါကြောင့် ပြန်လည်ခံစားဝေဖန်
ပေးကြပါအုံး။
လေးစားစွာဖြင့်

ဝေဟင်

commentinfo By: soewaihin at Dec 7, 2012
Comment #13

ကောင်းပါတယ်။ခံစားသွားတယ်

commentinfo By: painpain at Dec 9, 2012
Comment #14

ကျေးဖူးတင်ပါတယ် အကို။အများကြီးကြိုးစားရအုံးမှာပါ။

commentinfo By: soewaihin at Dec 9, 2012
Comment #15

ဒီအတိုင်းလေးလဲ အဆင်ပြေပါတယ်။

commentinfo By: painpain at Dec 11, 2012
Comment #16

post အသစ်မတင်ဇြစ်တာတောင်တော်တော်ကြာသွားပြီ။တင်ဖို့ကြိုးစားနေပါတယ်။

commentinfo By: soewaihin at Feb 10, 2013
Comment #17

အရမ်တော်ဒါပဲ ကိုဝေဟင်ရဲ့  ကဗျာကို ခံစားအားပေးသွားပါတယ်

commentinfo By: myintzaw at Apr 3, 2013
Comment #18

အရမ်းတော်ဒါပဲ ကိုဝေဟင်ရဲ့  ကဗျာကို ခံစားအားပေးသွားပါတယ်

commentinfo By: myintzaw at Apr 3, 2013
Comment #19

ကျေးဇူးပါပဲကိုမြင့်ဇော်

commentinfo By: soewaihin at Apr 3, 2013
Comment #20

LIKE this poem

commentinfo By: အသဲကွဲ မိုး at Jul 14, 2013
Comment #21

ကျေးဇူးပါ။

commentinfo By: soewaihin at Jul 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment