Professional Authors

တကယ်တော့ နင့်ကိုချစ်လို့ပါ(genius)

ရင်ခုန်သံကို
ရောင်းမထုတ်ပါနဲ့
မင်းသုံးဆောင်မယ့်
စားဖွယ်ထဲမှာ
ငါ့ နှလုံးသား
ထည့်မပေး..နိုင်ပါဘူး။
 
အရာရာကို
တော်တန်ရုံနဲ့
မကျေနပ်တဲ့ “မင်း”
အပျင်းပြေရုံတော့
ငါ့ ရင်ခွင်ကို
ကစားခွင့်..မပေးနိုင်ပါဘူး။

အပျော်သက်သက်
ပေါ့ပျက်ပျက် မဟုတ်တဲ့
ငါ့ အချစ်ကို
နင်းခြေခွင့်..မပေးနိုင်ပါဘူး။

ငါ…ဟာ
ပန်းသီးတစ်လုံးမဟုတ်သလို
မင်းကလည်း
ဧဒင်ဥယျာဉ်မှူး မဟုတ်ပါဘူး။

In: ကဗျာ Posted By: Date: Dec 4, 2012
Comment #1

အပျော်သက်သက်
ပေါ့ပျက်ပျက် မဟုတ်တဲ့
ငါ့ အချစ်ကို
နင်းခြေခွင့် မပေးနိုင်ပါဘူး စာသားလေးလုံးဝလန်းတယ်ဗျာ ကိုgeniusရေ ကဗျာလေးအားပေးသွားပါတယ်။

commentinfo By: X - ray at Dec 4, 2012
Comment #2

ရင်ခုန်သံကို
ရောင်းမထုတ်ပါနဲ့
မင်းသုံးဆောင်မယ့်
စားဖွယ်ထဲမှာ
ငါ့ နှလုံးသား
ထည့်မပေး..နိုင်ပါဘူး။

အရမ်းဆန်းသစ်တဲ့ စာသားလေးတွေပဲ .. အားပေးသွားတယ်နော် မောင်လေး

commentinfo By: မေပျို at Dec 4, 2012
Comment #3

ခပ်ပြတ် ပြတ်ပဲ င၇ဲကတော့ 😀
အားပေးသွားတယ်ကွ

commentinfo By: sharon myorr myor at Dec 5, 2012
Comment #4

ငါ…ဟာ
ပန်းသီးတစ်လုံးမဟုတ်သလို
မင်းကလည်း
ဧဒင်ဥယျာဉ်မှူး မဟုတ်ပါဘူး။
အဲ့ဒါကတော့မှန်တယ်နော်
ok

commentinfo By: နောင်နောင် at Dec 18, 2013
Comment #5

“ဘူး” အကုန်လုံးကိုကြိုက်တယ်

commentinfo By: ကြက်ခြေခတ် X at Dec 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment