Professional Authors

တံတား နဲ့ တံတား

မြင်နေတဲ့လမ်း
လှမ်းသာဖို့ထင်
အများတကာ အမြင်တွေလန်းစေဖို့
တံတားတွေခင်းကြတယ်
ရောက်လိုရာသွား
ရှေ့ကအတားအဆီး
လှမ်းကျော်ဖို့ပြင်
တံတားတွေ ဆင်ကြတယ်……….။
ဒီက တံတား
ဝါး တံတားလား
မဆွေးစေနဲ့
မနဲ့စေနဲ့
မပြီ စေနဲ့
ဒီက တံတား
သစ်သားတံတားလား
မကျိုးစေနဲ့
မချော်စေနဲ့
မစောင်းစေနဲ့………။
ဒီကတံတား
သံတံတားလေလား
သံချေးမတတ်စေနဲ့
မပျက်စေနဲ့
မပြုတ်စေနဲ့
ရှေးရေးလမ်းမြင်
အဆန်းထွင်လို့
တို့လှမ်းမယ့်လမ်း
ထင်းကနဲမြင်
လင်းကနဲထင်စေဖို့
တို့အတွေးနဲ့ တို့ တံတား
မပြိုမပျက် မယိုင်လဲ အောင်
တို့ ရဲ့ အင် တို့ရဲ့ အား
အစွမ်းကုန် ကြိုးစား
ထိမ်းသိမ်းကာပင်
စောင့်ရှောက်စို့လား…………………
ဒီတံတား………………….။

In: ကဗျာ Posted By: Date: Dec 3, 2012
Comment #1

ဟုတ်ကဲ့

commentinfo By: မေပျို at Dec 3, 2012
Comment #2

🙂

commentinfo By: ei lay at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment