Professional Authors

အတွေးတွေ တိမ်တွေလို လွင့်မျောတဲ့အခါ

တစ်ခါတစ်လေ…
အတောင်ပံပါတဲ့ ဌက်ဖြစ်ခွင့်ရရင်
ငါ့ခံစားချက်ကို နားမလည်တတ်တဲ့
လူတွေကင်းရာ ငြိမ်းချမ်းမှုရှိရာ ရွက်လွှင့်ရှာဖွေချင်တယ်

စိတ်ကူးယဉ်လိုက်တာလို့ လှောင်ပြောင် ရယ်မောကြမလား
ဘယ်လိုပဲတွေးတွေး
ငါဟာ တိမ်တွေလို စိတ်လွတ်ကိုယ်လွတ်
မနေနိုင်ခဲ့တာ တော်တော်ကြာနေပြီ

အတ္တကြီးတယ်ပဲ ဆိုချင်ဆို
သူများကိစ္စတွေနဲ့ အချိန်ကုန် လူပင်ပန်း
ဘ၀ကို ငါမုန်းတီးမိနေပြီ

နောက်ဆုံးတော့လည်း
ငါဖြစ်ချင်တဲ့ အိမ်မက်ကမ္ဘာထဲက လန့်နိုး
ဖြစ်သင့်တဲ့ ဘ၀တိုက်ပွဲကို
လျှောက်လမ်းရဦးမှာပဲ……….

In: ကဗျာ Posted By: Date: Dec 3, 2012
Comment #1

ငါဟာ တိမ်တွေလို စိတ်လွတ်ကိုယ်လွတ်
မနေနိုင်ခဲ့တာ တော်တော်ကြာနေပြီ

တူတူပါပဲ ..

commentinfo By: မေပျို at Dec 3, 2012
Comment #2

Hote de

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment