Professional Authors

ကျွန်တော် နှင့် သူ

ကျွန်တော်နှင့်သူ
ဆုံတွေ့ခဲ့တဲ့ မနက်ခင်းတွေ
သာယာသလောက်
ခွဲခွာခြင်းရဲ့ ညနေခင်းတွေက
ကြမ်းတမ်းစေခဲ့တယ်။
ကျွန်တော်နှင့်သူ
ဝေါဟာရတွေ တူညီသလောက်
သဘောထားတွေက
ခြားနားစေခဲ့တယ်။
ကျွန်တော်နှင့်သူ
ဦးတည်ချက်တွေ တူညီသလောက်
နည်းလမ်းတွေက
ကွဲလွဲစေခဲ့တယ်။
ကျွန်တော်နှင့်သူ
ရင်ခုန်ခြင်းတွေသာယာသလောက်
အခြေနေခြင်းတွေက
ဝေးကွာစေခဲ့တယ်။
ကျွန်တော်နှင့်သူ
လေးနက်တဲ့ချစ်ခြင်းတွေနဲ့ပဲ
ကျောခိုင်းကာ
နေခဲ့ရတယ်…….။

In: ကဗျာ Posted By: Date: Dec 2, 2012
Comment #1

ကျွန်တော်နှင့်သူ
လေးနက်တဲ့ချစ်ခြင်းတွေနဲ့ပဲ
ကျောခိုင်းကာ
နေခဲ့ရတယ်…….။

commentinfo By: မေပျို at Dec 2, 2012
Comment #2

ဆုံတွေ့ခဲ့တဲ့ မနက်ခင်းတွေ
သာယာသလောက်
ခွဲခွာခြင်းရဲ့ ညနေခင်းတွေက
ကြမ်းတမ်းစေခဲ့တယ်။

commentinfo By: mayviolet at Dec 3, 2012
Comment #3

နောက်ဆုံးတော့အချစ်ဟာခွဲခွာခြင်းတွေနဲ့ပဲအဆုံးသတ်နေရပါလား ?

အားပေးသွားပါ၏….

commentinfo By: loafer at Dec 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment