Professional Authors

ယနေ့ခေတ်( ဆုရ – စာစီစာကုံး အမှတ်စဉ် ၁)

စာမေးပွဲအောင်ဖို့  – ပန်းခြင်းတခြင်း

စီးပွားရေးအောင်မြင်ဖို့  – ဂဟေဆက်ပြီးသားရွှေလက်သန်းနှစ်ချောင်း

ဘာသာရေးအားစိုက်နိုင်ဖို့  –  တောင်တန်းတခုလိုbackground

 

လမ်းလျောက်ဖို့  – ပိုက်ဆံတစ်ရွက်

အာလုပ်ကျင်းဖို့  – ရွှေချောင်းတစ်ချောင်း

 

အသက်ရှုဖို့  – ငွေပိုက်တဆက်

 

ကောင်းကောင်းနိုးထစေဖို့  – အထက်လူကြီး၏အပြုံးတပွင့်

ကောင်းကောင်းအိပ်ပျော်စေဖို့  – 10000 တန်တွေထပ်ထားတဲ့ လေးအေးပေးစက်တလုံး

 

အသက်သေဖို့  – ခေါင်းဆောင်တလွဲ ပိုင်ဆိုင်ထားခြင်း

အသက်ရှင်ဖို့  –  ဗလာ များ သာ ပါရှိသော ကံစမ်းမဲအား လျို့ဝှက်သည်းဖို စွာ ဗလာမပါစေရန် ဆုတောင်းနေခြင်း

 

(Side effect –

စာမတတ်ပေမတတ် သံဃာများအား သတ်ရန်အတွက် ဟူသော အတွေးအခေါ်များသာ ပိုင်ဆိုင်မည့် ကလေးငယ်များစွာပေါ်ပေါက်လာနိုင်ခြင်း

 

လူတော်များ နေရာပျောက်၍ လူကောင်းများ နေရာဟောင်းမှ မရွေ့ –

လူဆိုးများ နေရာတိုး၍ လူ့ တိရိစ္ဆာန်များ အာဏာစိုးခြင်း

 

ယတြာများသာတတ်၍ လွတ်မြောက်လမ်းပျောက်နေသော

ဘုန်း ဘုန်း ပြီး ကြီးပွားနေလျှက်ရှိသော ဘုန်းကြီးများ အသက်ရှည်နေခြင်း)

နိဒါန်း – ပန်းခြင်းတခြင်း

စာကိုယ် – သံဃာရိုက်ပွဲ

နိဂုံး – မျက်ရည်ယိုဗုံးတစ်လုံး

In: ကဗျာ Posted By: Date: Dec 1, 2012
Comment #1

အဲဒါတွေက အခုဟစ်ဖြစ်နေတာပဲနော် .. စိတ်မကောင်းဘူး .. မြန်မြန်ငြိမ်းချမ်းမှုရစေချင်တယ်

commentinfo By: မေပျို at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment