Professional Authors

သံလွင်ရေ….ပြေး…ပြေး…ဝေးအောင်သာပြေး .ငါက အဝေးမှုန်တယ်.. – နိုးဆက် နေ့

 


သံလွင်ရေ

နင်…အခုဘယ်မှာလဲ….

ငါကတော့ အခု…

တောင်းဆုတွေ တိတ်ဆိတ်..

မျက်ရည်အိတ်ကိုဖောက်ထုတ်.

ရယ်မောသံတွေ ခုတ်လှဲခံထားရတဲ့

ခံစားချက်ကင်းမဲ့ဇုံမှာ နေနေတယ်..။

 

ခံစားချက် ကင်းမဲ့ဇုံ ဆိုလို့

ကြီးကျယ်တယ် မထင်ပါနဲ့ဦး..

ဘယ်ဘက် ရင်အုံတိုင်းမှာ ဒဏ်ရာကိုယ်စီနဲ့

အသည်းကွဲတယ် ဆိုတဲ့ဝေါဟာရတွေ

လက်ထိုးအန်ချရလောက်အောင် ပေါများတဲ့

အလွမ်းသယံဇာတ တွေထွက်တဲ့ နယ်မြေတစ်ခုပါ..။

အေး………..

အဲဒီမှာ ငါအခု နေနေတယ် မိသံလွင်..။

 

ငါတို့ နယ်မြေထဲက

ကဗျာဝါသနာပါတဲ့အကိုကြီးကပြောတယ်

ရင်ကွဲနာကျတယ်ဆိုတာ မသေနိုင်ပါဘူးညီလေးရာတဲ့

ရင်= ရင်ခုန်မှု

ကွဲ= အသည်းကွဲမှု

နာ = နာကျင်မှု

ကျ = စိတ်ဓာတ်ကျမှု

ငါတို့ အကုန် စုပြုံ ခံစားဘူးခဲ့ပြီ မဟုတ်လားတဲ့..။

 

ငါတို့ဟာ

နာဖျားနေဖို့ မရှက်တဲ့

နှလုံးသားဆိုင်ရာ ရောဂါသည်များပါ..မိသံလွင်

ငါလေ….နင့်ကို သိပ်တွေ့ချင်တာဘဲ….

ကဲ..

အဲသလောက်ထိအောင်

အရှက်တရားကင်းမဲ့နေပြီကွယ်…..။

 

ရွက်ဆုတ်ပြက္ခဒိန်တစ်ခုလို

ငါ့ဘ၀ကိုဆုတ်ဖြဲပါ မိသံလွင်…

ခံစားချက် ကင်းမဲ့ဇုံမှာ

ရင်ခုန်သံတွေပါ  စုံလုံးကန်းအောင်

မင်းနှုတ်ခမ်းက ရက်စက်တဲ့ ၀ါကျတွေနဲ့ မန်းမှုတ်ပါ..။

 

နင့်ဆီကို အသွားလမ်းလား…

နင့်ဆီက အပြန်လမ်းလား….

ဘာမှရေရေရာရာမသိတဲ့ လမ်းဆုံတစ်ခုမှာ

နင့်ခြေသံကို စောင့်ရတာ

ခမ်းနားစွာ ကိုယ့်ကိုယ်ကိုသတ်သေနည်းတစ်မျိုးပါဘဲ…။

 

နင် ငါ့ကို နာကျည်းနေဆဲမဟုတ်လား…

ကဲ…အဲသည်လောက် မတွေ့ချင်ဘူးဆိုမှဖြင့်…

ထာဝရမုန်းနေပြီ ဆိုရင်ဖြင့်

ဒီ လမ်းကိုမလာပါနဲ့..

ဆုပ်လဲစူး စားလည်းရူးမဲ့အတူတူ

မထူးဇာတ်ခင်း … မင်း ငါနဲ့ဝေးပါစေလို့

ရင်အပွင့်ခံ ဆုတောင်းမယ် မိသံလွင်…..

 

ပြေးပါ သံလွင်ရေ…..ပြေးပါ…

အဝေးဆုံးကို ပြေးပါ…

မြင်လျက်နဲ့..

မမြင်ချင်ယောင်ဆောင်တယ်ဆိုတာ

ငါ နောကျေနေပြီးသား

ခပ်ညံ့ညံ့… အားထုတ်မှု….တစ်ခု…ပါ..ဟာ…။။။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Dec 1, 2012
Comment #1

နင်…အခုဘယ်မှာလဲ….

ငါကတော့ အခု…

တောင်းဆုတွေ တိတ်ဆိတ်..

မျက်ရည်အိတ်ကိုဖောက်ထုတ်.

ရယ်မောသံတွေ ခုတ်လှဲခံထားရတဲ့

ခံစားချက်ကင်းမဲ့ဇုံမှာ နေနေတယ်..။

commentinfo By: မေပျို at Dec 1, 2012
Comment #2

မိသံလွင်….တကျော့ပြန်လာပြန်ပြီလားဟ

ကောင်းတယ် ကောင်းတယ် မမြင်ရတာလဲကြာပြီ…။ ငါက ကဗျာမရေးတတ်လို့ ရေးတတ်ရင် မိသံလွင်ကို ကျိန်စာတိုက်ပစ်မလို့…း-(

commentinfo By:့ ကွန်ထရာအို at Dec 1, 2012
Comment #3

A hak….
A hak….
Comment g ka le kyayk sa yar g par lar?

commentinfo By: ei lay at Dec 1, 2012
Comment #4

သွားမဖတ်နဲ့ မအိလေးရေ အဲဒီကျေးဇူးရှင်ကောင်ရဲ့ comment တွေက ကျွန်တော့ကဗျာတွေထက် အမကို နှလုံးရောဂါရစေလိမ့်မယ်…း-p

commentinfo By: 13th at Dec 1, 2012
Comment #5

A yann mike de.
Definition tway ka lan htwke nay tar be kwar.
A yann ko laee sarr de,,a hote.
Lone wa pyit le twar say naing de talkie tway be.

commentinfo By: ei lay at Dec 1, 2012
Comment #6

Hote de naw.
Kyauk sa yar g.
Koh chit Thu ko be Thu ka kyane sar tike hmar le loh?
Thu pyaw pone g ka ,,, a he,,,, 😛
Ei ma par bu naw.

commentinfo By: ei lay at Dec 1, 2012
Comment #7

Nice poem ~~

With respect,
RAY

commentinfo By: X - ray at Dec 25, 2012
Comment #8

မဖြေချင်တဲ့ စာမေးပွဲအတွက် မကျက်ချင်တဲ့ စာတွေ ကျက်နေရတဲ့ထဲ ဒီကဗျာဆရာရဲ့ ကဗျာတွေက ကျနော့်ကို ပြုစားနေတယ်..။

ဒုက္ခပဲဗျာ…စာမေးပွဲရှိလို့ပါ…စာမေးပွဲပြီးရင် မဖတ်ရသေးသမျှ သံလွင်ရဲ့ နေ့တွေ ညတွေ ကဗျာတွေ အားလုံး အားရင် အားသလို လာဖတ်ပါ့မယ်…
ခုတော့ ပြုစားမှုစကေးလ်နဲနဲလျှော့ပေါ့ပေးပါ !

commentinfo By: noble at Dec 25, 2012
Comment #9

အား….. အဲလောက်ဆိုတော့ ကျွန်တော်သေပျော်ပြီဗျ…။ ကျေးဇူးတရား သိပ်များသွားပြီ မို့ …..

လေးစားလျက်
နိုးဆက် နေ့

commentinfo By: 13th at Dec 25, 2012
Comment #10

ပြေးပါ သံလွင်ရေ…..ပြေးပါ…

အဝေးဆုံးကို ပြေးပါ…

မြင်လျက်နဲ့..

မမြင်ချင်ယောင်ဆောင်တယ်ဆိုတာ

ငါ နောကျေနေပြီးသား

ခပ်ညံ့ညံ့… အားထုတ်မှု….တစ်ခု…ပါ..ဟာ…။။။
…အဆုံးသတ်လေးကိုတော့ ပိုကြိုက်သွားတယ်ဗျ…အားပေးနေပါတယ်။

commentinfo By: poem.poem28 at Dec 25, 2012
Comment #11

Be hna khar phat phat,,
a yann mike de.
😉

commentinfo By: ei lay at Dec 26, 2012
Comment #12

ကိုနိုးရေ….
ဘယ်၂ ခေါက်မှန်းမမှတ်မိတော့တဲ့အရေအတွက်နဲ့
လာဖတ်သွားပါတယ်…
ကိုနိုး.ရဲ့ကဗျာတွေထဲမှာ……
မိသံလွင်…အကြောင်းရေးတာ..သဘောအကျဆုံ့းပဲ..
အဟားးးးးးး
…ကိုနိုးက..အပြင်မှာ..မိသံလွင်လို့ပဲခေါ်တာလား……..
ဒါမှမဟုတ်……… အစ်မလား…
ဒါမှမဟုတ်……..?????

commentinfo By: မင်းထက် at Jul 31, 2013
Comment #13

ဟူးးးးးးးးးးး
ကောင်းလိုက်တဲ့ ကဗျာဗျာရေးသားတင်ပြပုံလေးဗျာ
တစ်ပုဒ်လုံး ကိုယ့်ကိုယ်တိုင် ကြုံတွေခံစားနေရသလို့ဖြစ်ခဲ့ရတယ်

commentinfo By: let yar poem at Jun 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment