Professional Authors

မသက်ဆိုင်တော့သောသူဆီသို့….

သူကို့ တွေ့ရင် ပြောပြချင်သည်။
နင် ကော်ဖီသောက်ရင် သကြား လျှော့ထည့်ရသည့်အကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။

နင်က မိန်းကလေး ဆံပင်ရှည်ထားတာ သဘောကျကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။
နင် အလုပ်လုပ်ရင် ထမင်းစားချိန်ကို မေ့နေတတ်ပြီး
အမြဲလိုလို သတိပေးသင့်တဲ့ အကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။
နင် ဟာ ရံခါ ရင့်ကျက်နေသောလူကြီး တစ်ယောက်ဖြစ်နေတတ်ပြီး
ရံခါ ငိုယိုချွဲနွဲ့တတ်သော ကောင်လေး တစ်ယောက်ဖြစ်ကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။
နင် ဒေါသထွက်နေချိန် ထွေးပွေ့ထားလျှင် စိတ်ဆိုးပြေလွယ်ကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။
နင်က မိုးရေထဲမှာဆော့ကစားတာကြိုက်ပြီး မိုးရေထိရင် ဖျားတတ်တဲ့ အကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။
“ငါ တစ်ယောက်တည်းနေပါရစေ”လို့ မင်းပါးစပ်က ပြောတဲ့အချိန်တိုင်း ဘေးနားမှာ အားပေးဖို့လိုအပ်ကြောင်း !!

သူ့ကို တွေ့ရင် ပြောပြချင်သည်။

နင့်ရဲ့ ရည်းစားသစ်ကို ပြောပြချင်သည်။

Mary Senghkam

( မသက်ဆိုင်တော့သောသူ ဆီသို့)
(( FB ပေါ်ကကြိုက်လို့ ကူးထားတာလေးပါ))  😛

In: ကဗျာ,Others Posted By: Date: Nov 27, 2012
Comment #1

🙂
🙂
100% same.

commentinfo By: ei lay at Nov 27, 2012
Comment #2

ပြောမှာပဲ

commentinfo By: မေပျို at Nov 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment