Professional Authors

တနေ့ နေ့ တော့

လေယူရာတိမ်းလို့ ယိမ်းတတ်တဲ့စိတ်ကို
ထိန်းမနိုင်လို့လွှတ်
မလွမ်းရဘူးလို့ ဆုံးဖြတ်
အဆုံးသတ်ခဲ့ပြီမို့
ဒီဘ၀ နောင်ဘဝ
ဘ၀ ဘ၀တွေမှာ
သူနဲ့
အရိပ်ကလေးမျတောင် မဆုံရပါလိုလို့
ကို့ရဲ့ ခါးသီးမှုတွေနဲ့
ပြင်းထန်နဲ့ ခံစားမှု
နှလုံးသားရယ် မင်းသိပါတယ်

မေ့နိုင်ဖို့
သတိရချိန်မရှိအောင်
စားဖို့အလုပ် ရှုပ် ရှုပ် များများ
တခြား တခြားသော အစီအစဉ် တွေနဲ့
မနေမနား စိတ်ကိုအနားမပေး
အင်တာနက် ကိုးရီးယား သီချင်း အားကစား
စာကဗျာရေး
ရှေ့ ရေး မြင်မျော် ကွန်ပျူတာ အင်္ဂလိပ်
စုံစိလို့
ဒါနဲ့မှမရသေး စားကာသွားကာပျော်ပါးကာ နေ နေပါရက်နဲ့
နေ့စဉ်အမျ ဒီသတိရယ် မရပါနဲ့
မေ့နေဖို့ မေ့နိုင်ဖို့ အချိန် ၂နှစ် ခြာခဲ့ပြီ
အချိန်ဆိုတဲ့သမားတော် လက်မလျော့ပါနဲ့နော်
ကျမ သူ့ကို မေ့တော့မှာပါ မေ့နိုင်မှာပါ တနေ့နေ့တော့

In: ကဗျာ Posted By: Date: Nov 26, 2012
Comment #1

Rrrrrrrr
Ei ma par bu naw.
Ei ko dot ta ti ya naw.
Ei ko ma Mae ya bu naw.
😛

commentinfo By: ei lay at Nov 26, 2012
Comment #2

အင်တာနက် ကိုးရီးယား သီချင်း အားကစား
စာကဗျာရေး
ရှေ့ ရေး မြင်မျော် ကွန်ပျူတာ အင်္ဂလိပ်
စုံစိလို့
ဒါနဲ့မှမရသေး စားကာသွားကာပျော်ပါးကာ နေ နေပါရက်နဲ့
နေ့စဉ်အမျ ဒီသတိရယ် မရပါနဲ့

တူလိုက်တာ ကျမလည်းသူ့ကိုမေ့နိုင်မှာပါ nothing special လိုပေါ့နော်

commentinfo By: မေပျို at Nov 26, 2012
Comment #3

မေ့ဖို့ကြိုးစားနေတယ်ဆိုတာ မသိစိတ်ရော သိစိတ်ကိုပါနေရာပေးထားတာပါ
တကယ်မေ့ဖို့တော့မလွယ်ဘူး(အချစ်စစ်ဆိုတာ)ဒါကြောင့်မမေ့နိုင်တဲ့အားတခု
ကောင်းတဲ့ဘက်မှာအစားထိုးအားပြုလိုက်ရင်အကြိုးရှိလာမှာပါ။

commentinfo By: soewaihin at Nov 26, 2012
Comment #4

ဒီဘ၀ နောင်ဘဝ
ဘ၀ ဘ၀တွေမှာ
သူနဲ့
အရိပ်ကလေးမျတောင် မဆုံရပါလိုလို့

commentinfo By: mayviolet at Nov 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment