Professional Authors

မျှော်လင့်ခြင်းပြတင်း

အဲဒီမှာ—
လူ့ပြည်က နတ်သမီးတစ်ပါး
ရောင်းစုံပန်းတွေ ခြွေခူးနေတာ
ငေးမောဖူးရဲ။
အဲဒီမှာ—
မကျူးကျော်ဝံ့တဲ့
ငါ့ရဲ့ကြေကွဲဖွယ်လိပ်ပြာလေး
အခါခါခေါင်းချဖူးရဲ့။
အဲဒီမှာ—
မနိုးထနိုင်တဲ့ ငါ့ရဲ့ အိပ်မက်တွေ
ပျော်ဝင်နားခိုဖူးရဲ့။
အဲဒီမှာ—
မပြီးဆုံးနိုင်တဲ့ ငါ့ရဲ့စိတ္တဇတွေ
လဲပြိုကျဆုံးဖူးရဲ့။
အဲဒီမှာ—
နွမ်းလျနေတဲ့
ငါ့ရဲ့ အထီးကျန်စိတ်ခန္ဓာ
လဲလျောင်းနေဆဲကွဲ့။
အဲဒီမှာ—
အေးစက်နေတဲ့
ငါ့အရေပြားပေါ်က ကောက်ကြောင်းတွေ
ရှုပ်ထွေးနေရဲ့။
အဲဒီမှာ–
ငါ့မျှော်လင့် ရူးသွပ်ခြင်းတွေကို
ချောက်တွန်းနေတဲ့
ကမ္ဘာအဟောင်းလေးလဲ ရှိသေးသကွဲ့။

In: ကဗျာ Posted By: Date: Nov 23, 2012
Comment #1

Tin sarr Tat like Dar naw.
A yann daw de

commentinfo By: ei lay at Nov 23, 2012
Comment #2

တကယ်ကောင်းတယ်ရှင့်

commentinfo By: maypyo22889 at Nov 23, 2012
Comment #3

🙂 🙂 😛 🙂

commentinfo By: mayviolet at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment