Professional Authors

မြတ်နိုးမှု ၏ သင်္ကေတ

စိတ်ကူးယဉ်အတွေး
ကျွန်တော်ကို မျှော်ရင်းဝေးစေသလား
ချစ်ရတဲ့ ကျွန်တော်
သူမကို ကြည့်ရတာကိုက
ပျော်စရာ
အိပ်မရတဲ့ ညပေါင်း
ချိုးရေးနိုင်လောက်တဲ့
လက်ချောင်းရေ ကျွန်တော် မှာ
ခပ်များများမရှိ
ရင်ဘက်ကို ဖိ
အသက်ရှုရပ်
ဘယ်လိုလုပ်လုပ်
သူမက မထွက်သွား
ဘာကြောင့်မှန်းမသိ
သူမကို မြတ်နိုးမိသည်
ဘာကြောင့်မှန်းမသိ
သူမကို သံယောဇဉ်တွယ်မိသည်……
အဘိဓါန်ကို မေးကြည့်တယ်
ရိုးရိုးလေး ပြန်ဖြေတယ်
အဲ့ဒါ ချစ်တာ
ဒီထက်ပိုပြီး ထိရောက်တာ
ဒီထက်ပိုပြီး လေးနက်တာ ရှိသေးလား
ကျွန်တော် မေးကြည့်သည်
အဘိဓါန်က ပြုံးပြီးကျွန်တော်ကို ပြောတယ်
မင်းကကိုယ်ချစ်တဲ့သူကို
ဂရုစိုက် တန်ဖိုးထား
အဲ့ဒီမှာ
ကိုယ်ချစ်တဲ့သူက
ကိုယ်ပုခုံးလေးကိုမှီ
နေ၀င်၊နေထွက်ခြင်းတွေကို ခံစား
မင်းဘာမှ ပြောစရာမလိုဘူး
ချစ်တာထက် ပိုပြီးထိရောက်တဲ့အဖြေ
သူ့နှလုံးသားထဲမှာ
အလိုလိုခံစားရလိမ့်မယ်…..တဲ့….။
ကဲ ဘယ်လိုလဲ ကောင်မလေးရေ
အဆင်သင့်ဖြစ်ပြီလား………………………။

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

😛
😉
🙂

commentinfo By: ei lay at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment