Professional Authors

ကျွန်တော် အသည်းခပ် ရွဲ ရွဲ

တိမ်တွေရဲ့တစ်ဖက်
လေတွေတိုက်နေချေရဲ့
သံယောဇဉ် လက်ကျန်ရဲ့ အဆုံး
ဖျော့တော့ တော့ နံနက်ခင်းနဲ့အတူ
ခနဲ့ နဲ့ နှလုံးသား
ဆန်ပြုတ်အကူနဲ့ နိုးထဖို့ကျန်
ကွဲစရာရယ်နတ္ထိ
အလျဉ်းမရှိလို့
နောက်တခါ ဒါမျိုးလို့ ကြံ
ဖြစ်မလာပြန်မို့
ကိုယ်နှလုံးသားကိုယ်ပိုက်
အသည်းကွဲတောင်ကုန်း
ဆွေးဆွေးလေး
တက်ရပေါင်းလည်းများပြီ
ဒီတခါ မိန်းကလေး
ငါ့ကို မုန်း
ငါ့ကို မနှစ်သက်
ငါ့ကို အမြင်ကတ်ပါက
နှလုံးသားကို ထိခိုက်အောင်
မလုပ်နဲ့
ရော့ယူ ငါ့ဘဝ
ငါ့အတွေးတွေ
ဒီတခါ တော့
နှလုံးသားကို လှုပ်ခတ်
အနိုင်ယူခြင်းသီးခံပေါ့
မင်းပါတဲ့ ငါ့ဘဝ
မင်းပါတဲ့ ငါ့အတွေး
လှလှပပ ယူ
ဖြည်းဖြည်းချင်းညှင်း
ဖျက်ဆီးလိုက်ပါ……။
မင်းပျော်သလို
ငါလည်းသက်သာနိုင်မယ်လေ……….။

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

Daw daw sa kar dat de.

commentinfo By: ei lay at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment