Professional Authors

ဟိုအရင်အချိန်တွေတမ်းတမတ်မောရင်း(မင်းလူန)

မလတ်ဆက်တော့ ဘူး
အသက်မ၀င်တော့ ဘူး………
တခါတလေဆိုဟန်ဆောင်ပြီးမောင်ပြုံးနေမှန်းသိပ်ကိုသိသာလာတယ်။
လောကဓံရိုက်ချက်ပြင်းပြင်းတွေကြောင့် လား။ရိုးအီတက်တဲ့ ချစ်ခြင်းရဲ့ ပုံသေနည်းတွေကြောင့် လားမသိပေမဲ့ အိမ်ထောင်သက်တစ်နှစ်စွန်းစွန်းမှာပဲ
မောင်ဟာကျွန်မနဲ့ အဝေးကြီးကိုရောက်သွားသလိုခံစားလာရတယ်။
အလုပ်ကနေမောင်အချိန်မှန်ပြန်မလာတော့ ဘူး။ကျွန်မအနားမှာမောင်အမြဲမနေချင်တော့ ဘူး။
အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ရော၊မိသားစုရဲ့ စီးပွားရေးလိုအပ်ချက်ကြောင့် အပြင်ထွက်ပြီးငွေရှာရတဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ ရော
ကျွန်မမှာသိပ်ကိုပင်ပန်းလွန်းတယ်ဆိုတာမောင်မသိတာလား။မသိချင်ဟန်ဆောင်နေတာလားကျွန်မကိုယ်တိုင်နားမလည်တော့ ပါဘူး။
မောင်ကအလုပ်ကပြန်ရင်ရေမိုးချိုးထမင်းစားအိပ်ယာထဲတန်းဝင်ပြီးအနားယူလိုက်လို့ ရပေမဲ့ ကျွန်မနေရာမှာမောင်ခဏလောက်ပဲဖြစ်ဖြစ်စာနာစိတ်က
လေးနဲ့ ကိုယ်ချင်းစာပေးကြည့် ပါလားမောင်ရယ်။
တစ်ကယ်ဆိုဘ၀နှစ်ခုကိုထပ်တူချဖို့ ကြိုးစားဆဲကာလတွေတုန်းကလောက်မောင်ဟာတက်ကြွလန်းဆန်းမှု့ မရှိတော့ တာဟာသိပ်ကိုဝမ်းနည်စရာ
ကောင်းတာပဲမောင်ရယ်။
မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကိုထဲထဲဝင်ဝင်မမြင်တက်ရင်တောင်လူတစ်ယောက်ရဲ့ ခံစားချက်ကိုအပြန်အလှန်လေးစားစိတ်ကလေးထားပေးသင့် တယ်
လို့ ကျွန်မထင်တယ်။
အခုမောင့် အချိုးတွေပြောင်းလာတယ်။သီချင်းတစ်ပုဒ်ထဲကလိုမောင်အရင်လိုတစ်ကယ်မဟုတ်တော့ ဘူးနော်။။။။။။
လွမ်းတယ်မောင်။ဟိုအရင်အချိန်တွေကိုသိပ်သတိရတာပဲ။
ကျွန်မကိုကြင်ကြင်နာနာပွေ့ ဖတ်ပြီး
အားပေးစကားတွေပြောခဲ့ တဲ့ မောင်နှုတ်ခမ်းကစကားသံတွေ။တစ်ကယ်တော့ ဘယ်သူ့ ရဲ့ ချစ်သူမှရုပ်မဆိုးပါဘူးကွာလို့ ရုပ်ရည်အသင့် အတင့် လောက်သာရှိတဲ့ ကျွန်မကို
မောင်နှစ်သိမ့် ပေးခဲ့ တာတွေ။
ကျွန်မကလွှဲရင်ဘယ်မိန်းခလေးမှမလှပါဘူးလို့ တစ်ကယ်မဟုတ်ပဲပြောခဲ့ တဲ့ မောင့် ရဲ့ နောက်ပြောင်ကျီစယ်သံတွေ။တစ်ကယ်ကိုလွမ်းမိတယ်မောင်။
အခုတော့ ကျွန်မကလွဲရင်အကုန်လှနေပြီလားမောင်။
ဟိုတုန်းကကျွန်မရင်ခွင်သာလျင်မောင်ရဲ့ ဘ၀အမောတွေပြေပျောက်ရာနေရာပါလို့ ပြောခဲ့ တဲ့ မောင့် စကားလုံးတွေမှာတစ်ကယ်အရည်ပျော်ယုံကြည်မိသူ
ကျွန်မကိုနည်းနည်းလေးမှနားလည်မပေးနိုင်တော့ ဘူးလား။
အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်အနေနဲ့ ငွေရှာပေးလိုက်ရုံသက်သက်နဲ့ အိမ်ထောင့် တာဝန်ကျေပွန်သွားပြီလို့ တသက်မှတ်တည်းယူဆနေလားမောင်။
တစ်ကယ်တော့ မိန်းခလေးတစ်ယောက်ရဲ့ ချစ်ခြင်းမှာကိုယ့် ချစ်သူရဲ့ အညှင်သာဆုံးလေပြေတိုက်ခတ်သံတွေလိုအပ်တာမောင်မသိလို့ လား။
ခတ်တယ်မောင်ရယ်။
နေ့ စဉ်လူမှု့ ပါတ်ဝန်းကျင်မှာဖြတ်သန်းရုန်းကန်နေ၇တဲ့ ဘ၀ကတစ်ကယ်တမ်းရှင်းပြလို့ မရတဲ့ ခံစားချက်တေါအတွက်နေရာနဲ့ အချိန်တွေမရှိဘူး
အထူးသဖြင့် ကျွန်မတို့ လိုမိန်းမသားတွေကပိုပြီးအခွင့် အလမ်းနည်းပါးကြတယ်။
မောင်နဲ့ နီးနီးလေးနေရပြီးမောင့် စိတ်နဲ့ အဝေးကြီးကိုတွန်းပို့ ခံရတဲ့ ကျွန်မလိုမိန်းမသားတွေကမ္ဘာပေါ်မှာဘယ်နှစ်ယောက်လောက်ရှိနေမလဲလို့ တခါတလေ
တွေးကြည့် ဖူးတယ်။
မောင်သိရဲ့ လားအိမ်ထောင်တစ်ခုဟာပုစ္ဆာတစ်ခုဆိုရင်တောင်အဲ့ ဒီပုစ္ဆာရဲ့ အဖြေကိုကျွန်မတို့ မိန်းမသားတွေကဒိုင်ခံပြီးရှာဖွေနေခဲ့ ရတာပါမောင်။
လောကသစ္စာဆိုတာရိုးရိုးရှင်းရှင်းလေးနဲ့ ရှာရသိပ်ခတ်တာပဲ။
မောင်ဘာကိုလိုချင်တာလဲ။
အလှတရားလား။အထိအတွေ့ လား။အပြောအဆိုဆက်ဆံမှု့ လား။
အဲ့ ဒီလိုအပ်ချက်တွေပြည့် စုံသွားရင်ေ၇ာမောင်ကျွန်မရဲ့ အနီးဆုံးမှာရှိနေနိုင်ပါ့ မလား။။။။
တစ်ကယ်တော့ မောင်ရေ…………
ဘ၀နှစ်ခုကိုထပ်တူချဖို့ ကြိုးစားတဲ့ အချိန်တုန်းကတည်းကမောင်ကျွန်မကိုပေးခဲ့ သင့် တာစစ်မှန်တဲ့ မေတ္တာတ၇ားနဲ့ နားလည်မှု့ ။
အဲ့ ဒါတွေပါမလာပဲအချစ်ချည်းသက်သက်စီးချင်းထိုးဖို့ ကြိုးစားခဲ့ တဲ့ မောင်ဟာကျွန်မအနားမှာလူသာရှိနေချင်ရှိနေမှာပါ
စိတ်ကကျွန်မနဲ့ အဝေးဆုံးကိုခဏခဏပြေးထွက်နေမှာပါမောင်။
အဲ့ ဒါတွေကျွန်မသိလိုက်ရတဲ့ အချိန်မှာကျွန်မရင်ထဲမောင်ဟာအရင်
တုန်းကမောင်မဟုတ်တော့ ဘူးလို့ ခံစားမိခဲ့ တယ်။
အဲ့ ဒီတော့ ကျွန်ကိုအေးစက်နေတဲ့ မောင့် အတွံက်ကျွန်မဘ်ါကနွေးထွေးတဲ့ မေတ္တာတွေနဲ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေသွန်းလောင်းထားတဲ့ 
နားလည်မှု့ သစ်ပင်စိုက်ဖို့ ပြင်ဆင်နေပါတယ်မောင်။
ရိုးရိုးသားသားသစ်သီးပဲစားပါရစေမောင်။
အချစ်ဆိုတာအိမ်ထောင်တစ်ခုမှာအဓိကကျတဲ့ နှစ်ဖတ်သွားပါတဲ့ ဓားတစ်လက်နဲ့ တူတယ်လို့ ကျွန်မခံစားမိတယ်။
မောင်ရေ…….ကျွန်မရဲ့ ရင်ဘတ်ထဲမှာမောင့် အတွက်ရှိခဲ့ တဲ့ အစိုင်အခဲလေးတွေကိုပုံဖော်ထားတဲ့ ကဗျာတစ်ပုဒ်မောင်ဖတ်ဖို့ ရေးချပစ်ခဲ့ တယ်။
့ဘယ်နှစ်ပုဒ်မှန်းမသိအောင်ဖတ်ဖူးတဲ့ 
အချစ်ကဗျာတွေ
နှလုံးသားထဲက
တွန့် ကြေကြွေကျ
နွေညတွေဖြစ်ခဲ့ ရပါတယ်မောင်……….
ချစ်ခြင်းဟာဘယ်တုန်းကမှချိုမြိန်ခြင်းမရှိ
နမိတ်ပုံဆန်တဲ့ ရှေ့ ပြေးပြယုဂ်အဖြစ်
ဆယ်ကျော်သက်ဘ၀ကလဲ
ဘာမှန်းမသိပဲအသည်းကွဲခဲ့ ရဖူးတယ်
ဈေးကွက်မှာရှာလို့ မရဆုံးဟာ
အဲ့ ဒီရှားပါးပစ္စည်းပဲမဟုတ်လား
မောင့် ပါးစပ်ဖျားမှာက
ချစ်ခြင်းနဲ့ သီကျူးတဲ့ တေး
ဖါးထေးဖေါက်ချုပ်
ပုံစံစုံကိုလုပ်ထားလိုက်တာပဲနော်
××××××××××××
လူတို့ 
ချစ်ကြကုန်သောအခါ
ကန်းသွားတက်သောစကားပုံလို
ါကျွန်မမှာ
အယောင်ယောင်အမှားမှားနဲ့ ဖမ်းဆုပ်မိတဲ့ 
ဝေဒနာအစအနတွေ
ရင်ဘက်ထဲခုထိ
ပြန့် ကြဲ…………………
မောင်ရေဝေဒနာတွေပြန့် ကြဲနေတဲ့ မိန်းမသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုသာမောင်တစ်ကယ်မြင်တက်ခဲ့ မယ်ဆိုရင်လေ……………….

Reply
Forward
In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

Nice story.
Get lots of knowledges.

I think the most important r “understood & sympathy”.
If truely love each other, must treat “openly & honestly”.
Coz Noone is perfect.
Coz Noone breaks the rules.
So Faithful each other.

whenever meet difficulties,must face together.
Don’t allow other people to solve the problems.

commentinfo By: ei lay at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment