Professional Authors

ပြန်စာမလိုတဲ့ စာ

ပြန်စာမလိုတဲ့ စာ
………………………..

မုံရွာမှာ ဆိုင်ကာယ်တိုက်ခံရတဲ့ မင်းကို
မန္တလေးမှာ ကားတိုက်ခံရတဲ့ မင်းသူငယ်ချင်း ငါက
အားပေးစကားဆိုပါတယ်
လမ်းဆက်လျှောက်ပါ….

အခြေအနေရဲ့ ငါတို့ကြက်ဥတွေကျကွဲသွားခဲ့ပေမဲ့
အချိန်ကာလရဲ့ ငါတို့ပေါင်မုန့်တွေကျန်သေးတယ်…
ညောင်စေ့လေးကလည်း
ညောင်ပင်ကြီးဖြစ်မလာဘူးလို့ ဘယ်သူငြင်းရဲလဲ…

ဒီမှာ..
ဒီကနေ့ အင်္ဂါဟာ
မနက်ဖြန် ဗုဒ္ဓဟူး….
မင်းမက်နေတဲ့ အိပ်မက်တွေအတွက်
သွေးလေခြောက်ခြားဖို့မလိုဘူး….

နောက်ကြောင်းပြန်တယ်ဆိုတာ…
သူရဲဘောကြောင်သူတွေရဲ့အလုပ်
သမိုင်းမ၀င်ရင်တောင်မှ
မင်းသမိုင်းကို စင်ပါစေ….

ဘယ်တော.မှ
စံပယ်ပင်က ဇွန်မပွင့်ဘူး
တစ်ကိုယ်တော်မင်းရဲ့အလံကို
ကောင်းကင်မှာ မြင်.မြင့်လွှင့်………၊၊

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

အခြေအနေရဲ့ ငါတို့ကြက်ဥတွေကျကွဲသွားခဲ့ပေမဲ့
အချိန်ကာလရဲ့ ငါတို့ပေါင်မုန့်တွေကျန်သေးတယ်…

သမိုင်းမ၀င်ရင်တောင်မှ
မင်းသမိုင်းကို စင်ပါစေ….
(ကဗျာလေးက တကယ်ကောင်းတယ်)

commentinfo By: mayviolet at Nov 20, 2012
Comment #2

🙂

commentinfo By: ei lay at Nov 20, 2012
Comment #3

အတွေးအခေါ်ကောင်းပါတယ်

commentinfo By: မေပျို at Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment