Professional Authors

အချစ်မှား……(အလွမ်း)

သူ့အတွက် နင် သေချာနေတာ
အဖြေရှာစရာတောင် မလိုခဲ့ပေမယ့်
ငါနဲ့နင်ရဲ့ သံယောဇဉ်တွေ တရစ်ရစ်တိုးပတ်…….
မဆုံနိုင်မှန်းသိလို့ ငိုကြွေးကြလည်း…..အပိုသဘောပါပဲ
ငါ့မျက်ရည်ကို နင်ထပ်မမြင်စေရန် ငါက အစွမ်းကုန် ဟန်ဆောင်လို့နေမယ်…..။

ဘေးထွက်ပေးခဲ့ပြီးပြီ
အရင်ကထက် ပိုရင့်ကျက်ခဲ့ပေမယ့်
နင့်ကြောင့်ဆိုရင် ငါ့နှလုံးသားက အလွန်အမင်း ခံစားတတ်နေတုန်းပဲ….။

အားငယ်စရာတွေတိုင်း နင့်အပြုံးတို့ ဖေးမကူဆဲ…..
သိမ်ငယ်စရာတွေ ဒီ့ထက်ပိုများလာတဲ့ အခြေအနေမှာ
နင် မပါဝင်တော့တဲ့ ငါ………
…………….
……..
ကျေးဇူးပြုပြီး ဆက်မတွေးပါနဲ့
ပေါ့ပါးစွာပဲဖြတ်သန်းနေပါ……..နင်မနာကျင်ရအောင် ငါက….သရုပ်ဆောင်နေဦးမှာပဲ….။

နင့်ကို ငါ မမုန်းနိုင်ဘူး…..
မေ့ပစ်ဖို့တွေးလိုက်ရင်တောင်
 ပိုးပိုးပေါက်ပေါက်ကျလာတတ်တဲ့ မျက်ရည်တွေကို ငါသနားတယ်……။
နင့်ကို ထပ်မတမ်းတဖို့ ဆုံးဖြတ်လိုက်တိုင်း
ကျဆင်းသွားတတ်တဲ့ ငါ့စိတ်ဓါတ်တွေကို အားနာတယ်….။
ငါဘယ်လိုလုပ်ရမလဲ….
စိတ္တဇလိုဘ၀တစ်ခုနဲ့ နင်လှမ်းတဲ့ခြေလှမ်းတွေကိုတောင် ငါက မြတ်နိုးနေတတ်ဆဲ…..။

အနာဂတ်ရဲ့ အနာဂတ်တွေတိုင်း
နင့်စိတ်တွေ ဒွိဟမဖြစ်စေဖို့ ငါဦးစားပေးပြီး နေထိုင်သွားပါရစေ….
ငါမရှိတဲ့ဘ၀မှာ နင် တွေဝေမှုတွေ ကင်းဝေးသွားမှာမို့
အဆင်ပြေစွာ ရှင်သန်ပါကွယ်….
ငါထုဆစ်မိတဲ့ အချစ်မှားတစ်ခုအတွက်….ငါ ကိုယ်တိုင်ပဲ တစ်ဘ၀စာ ပေးဆပ်နေပါ့မယ်…..။

(ငါ့ဆီက ချစ်တယ်ဆိုတဲ့စကားကို နင်မကြားရမှ နင့်ဘ၀ပိုပြီး သာယာနိုင်လိမ့်မယ်….)

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

ကောင်းတယ်

commentinfo By: မေပျို at Nov 19, 2012
Comment #2

ူသူ့အတွက် နင် သေချာနေတာ….

commentinfo By: နွေ at May 27, 2013
Comment #3

ငါ့ဆီက ချစ်တယ်ဆိုတဲ့စကားကို နင်မကြားရမှ နင့်ဘ၀ပိုပြီး သာယာနိုင်လိမ့်မယ်…

commentinfo By: နွေ at May 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment