Professional Authors

လွမ်းစာ

တဘ၀လုံးပေါင်းတွက်တောင်မှ
အောင်မှတ်ကောင်းကောင်းမရခဲ့ဘူး
ပလက်ဖောင်း ဘေးကကောင်းကင်မှာ
တည်နေရာအတိအကျနဲ့ပဲ
ဒီမြို့ထဲ ငါဆက်ပျံနေမှာပါ…

မျက်နှာလေးတစ်ခု ကိုမေ့ဖို့
နာရီတွေမရေမတွက်နိုင်အောင်ကျွေးခဲ့ရ
ညတွေက ကြယ်မပါပဲ
ငါ့ကိုတိမ်တွေနဲ့ လာကွယ်ကြတယ်  …
(သူမသိချင်မှသိလိမ့်မယ်)

အချိန်မှန်မှန်တော့ သာခဲ့ပါရဲ့
အဲဒီနေမှာ လွမ်းစရာတွေပါပါလာတာကိုမုန်းတယ်
ငါ မလိုက်တော့ဘူးကွယ်
တကယ်ဆို ချိုချိုသာသာသော နှုတ်ခွန်းစကားဟာ
ငါ့  သွားတွေကိုစိထားခဲ့ပြီးပြီပဲ…

အသွားချည်းပဲ သက်သက်နဲ့
အပြန်မဲ့တဲ့လမ်းမှာ ငါ ကန်းခဲ့တယ်
လှမ်းဖို့ ခက်တဲ့လက်တဘက်အတွက်တော့
အဲဒီနေရာမှာ
အောင်ပွဲတစုံတရာ ပါချင်ပါမှာပေါ့လေ..

ကမ်းကုန်အောင်ပွင့်မယ့်ဆောင်းရေ
သူမကို လက်တို့အကြောင်းကြားပေးပါ
တရံရောအခါက ငါ ဆိုတာ
မြေကြီးလို  ဆက်ကျင့်နေအုံးမယ်ဆိုတာကိုလေ…

သူမဆီက တသိမ့်သိမ့် လွမ်းသံ
ရင်ဘတ်ကိုတည့်တည့်မှန်ပါတယ်
ကိုယ့်ကိုကိုယ်တည့်မတ်အောင်တိန်းရင်း ကုမယ်
တကယ်တော့ နင်မေ့တတ်လို့ပါကွယ်
ငါလဲ  သည်းသည်းလှုပ်အောင်လွမ်းတတ်ပါတယ်…. 

အဲဒီမျက်တောင်နံပါတ်မှာပဲ
ငါ့အသည်းကို ထားခဲ့ပါရဲ့
အလွဲလွဲသော အနာဂတ်မှာ
တိုက်ဆိုင်တာပါရင် ထုတ်ကြည့်ပေါ့ကွယ်
တကယ်တော့ အချစ်ဆိုတာ
တိုးတိုးတိတ်တိတ်လဲ ငြိမ်းချမ်းတတ်ပါတယ်… 

In: ကဗျာ Posted By: Date: Nov 18, 2012
Comment #1

@__@
@__@
@__@

commentinfo By: ei lay at Nov 18, 2012
Comment #2

အသွားချည်းပဲ သက်သက်နဲ့
အပြန်မဲ့တဲ့လမ်းမှာ ငါ ကန်းခဲ့တယ်
လှမ်းဖို့ ခက်တဲ့လက်တဘက်အတွက်တော့
အဲဒီနေရာမှာ
အောင်ပွဲတစုံတရာ ပါချင်ပါမှာပေါ့လေ..

အရမ်းကောင်းတယ်နော်

commentinfo By: မေပျို at Nov 18, 2012
Comment #3

Good
အဲဒီနေမှာ လွမ်းစရာတွေပါပါလာတာကိုမုန်းတယ် ~!

commentinfo By: minchansike at Nov 19, 2012
Comment #4

ကောင်းသကွာ။။တကယ်ကောင်းတယ်။
လေးစားအားပေးလျှက်….

commentinfo By: miss tower at Nov 19, 2012
Comment #5

တကယ်တော့ အချစ်ဆိုတာ
တိုးတိုးတိတ်တိတ်လဲ ငြိမ်းချမ်းတတ်ပါတယ်…
အားပေးသွားပါတယ်….ခံစားချက်တွေတူနေရောပဲ….:)

commentinfo By: ကေသရီ at Nov 19, 2012
Comment #6

အဲဒီမျက်တောင်နံပါတ်မှာပဲ
ငါ့အသည်းကို ထားခဲ့ပါရဲ့
အလွဲလွဲသော အနာဂတ်မှာ
တိုက်ဆိုင်တာပါရင် ထုတ်ကြည့်ပေါ့ကွယ်
တကယ်တော့ အချစ်ဆိုတာ
တိုးတိုးတိတ်တိတ်လဲ ငြိမ်းချမ်းတတ်ပါတယ်… ကောင်းလိုက်တဲ့ စာသားတွေ
အားပေးလျက်ပါနော်

commentinfo By: K Khine Mon Lwin at Nov 19, 2012
Comment #7

မျက်နှာလေးတစ်ခု ကိုမေ့ဖို့
နာရီတွေမရေမတွက်နိုင်အောင်ကျွေးခဲ့ရ
ညတွေက ကြယ်မပါပဲ
ငါ့ကိုတိမ်တွေနဲ့ လာကွယ်ကြတယ် …

commentinfo By: mayviolet at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment