Professional Authors

* ကျုပ်ဟာ ငါးမျှားချိတ် ကို ဖြုတ် ကစားခဲ့တဲ့….ငါးတစ်ကောင် ဆို ပါတော့*

မာယာရေ….
ကျုပ်ရဲ့ အညတရဋီကာမှာ
ခင်ဗျားကို ဆေးလိပ်ငွေ့တွေနဲ့ ကာကွယ်ထားရမယ်…
ခင်ဗျားရဲ့ ညှော်နံတွေ ကျုပ်ဆီ 
မကူးစက် လာ အောင်…..
မကူးယှက်လာအောင်………..

ဇင်ပုံပြင် ထဲ က ငါးတစ် ကောင်ရဲ့ ၀မ်းဗိုက်ကို 
ခွဲ… 
ပင်လယ်ပြင် ကို ခင်ဗျားတွေ့လိမ့် မယ် မာယာ….
ကျုပ် အခု
သံခွာတပ်မြင်းရိုင်း တစ်ကောင်ရဲ့ ဂုတ်ပိုးပေါ်မှာ
(သစ္စာဝါစာ ကို တင် ပြီး
ကမ္ဘာ တစ် ပတ် ခရီးထွက်ပြ မလို့ )

မာရီယာ ….ကတော့
..သူမရဲ့ ကွမ်းစားသွားကြီး တွေနဲ့မခိုးမခန့်ရယ်လို့
ရေခဲစိမ်ဝီစကီ တစ်ခွက်
ဝီစကီစိမ် ရေခဲတစ်ခွက်…..
သူမရဲ့ နှလုံးသား ကို ထည့်စိမ် လိုက်တယ်…..

မာယာသိထားတဲ့ အမှန်တရား ဆိုတာ
လူတွေနဲ့ သူတို့ ရဲ့ စိတ် မလုံခြုံ မှုကြား က
ခြောက်ခြောက်ခြားသတ်မှတ် ခဲ့ကြတာမျိုးပါ
(တစ်ချိန်ကမာယာရဲ့ပေါင်းတွင်း သားတစ်လျှောက် မှာ ကျုပ်နစ်မြောခဲ့တာပေါ့)

ကဗျာအစိုင်အခဲ ဂျက်
နားကပ် ပန်ထားတဲ့ဂျက်
ဂျင်းဘောင်ဘီဝတ် ဂျက် 
နောက်ထပ် ငွေနှစ်ရာနဲ့
သူတောင်းစားရဲ့မနက်ဖြန် ကိုကာကွယ် ခဲ့ပြီလား
ကင်ဆာကိုကာကွယ် ခဲ့ပြီလား
ဒါမှမဟုတ် ကတ်ကိုဘိန်း လို
ဖြည်းဖြည်းလေးအေးအေးလေး သွားခဲ့ ပြီ လား…..
(သူနဲ့တွေ့တုန်းက…အချိန်တော်တော်ကြာကြာ 
ရေခဲသေတ္တာထဲရောက်နေတဲ့ ပန်းသီးတစ်လုံး ရဲ့
ဝမ်းတွင်းသား နုနု ကိုတွေ့လိုက်ရသလိုမျိုး)

မာယာရေ…
ဘ၀ဆိုတာ ဒီနေ့ပြီးရင်
မနက်ဖြန်ပါ……
အဲဒါကို ခင် ဗျား ကို မပြော ရသေး ဘူး
မပြော ချင် သေး ဘူး
မပြောတတ်သေးဘူး….

ဂျင်မီ ရဲ့ အတွေးထဲမှာ
နှလုံးသားပေါ် ထိုးထားတဲ့ တက် တူး တွေ ပဲ ရှိ တယ်
သူရဲ့ ကဗျာ
သူ့ရဲ စာ…
သူသေဆုံးသွားရင် ဒါ တွေပါ တစ်ခါတည်း 
မီးလောင် ပျောက် ဆုံးသွားမယ် ပုံ မျိုး…။

မာယာ
ုအလင်းနှစ်သန်းတစ်ရာဆီ ခရီးထွက်တော့
ဗလာအိပ်မက် တွေထဲ ခြေကား ယားလက်ကားယား
ပြုတ်ကျသွားခဲ့တယ်…
အဲဒါ က အခု ကျွန်တော့်ကမ္ဘာကမြင်နေရတဲ့….ကြယ်
အဲဒီ ကြယ်ဟာ မာယာပေါ့
(ခင်ဗျားဟာထင်မြင်ထင်မှားသက်သက်ပါ မာယာ
ခင်ဗျား ကို လှိုင်းတွေ အဖြစ် သာ ကျုပ်မြင် ခဲံရတယ်)

In: ကဗျာ Posted By: Date: Nov 18, 2012
Comment #1

သေချာ ဖတ် သွားတယ်ဗျ….

commentinfo By: အသဲကွဲ မိုး at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment