Professional Authors

ကျယ်ကြီးကျယ်

ငါ့ဘ၀မှာ….
ကြီးကြီးကျယ်ကျယ် ဆုဖလားတွေ မရှိဘူး
ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေ မရှိဘူး
ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မရှိဘူး
ကြီးကြီးကျယ်ကျယ် ………….. မရှိဘူး
…….. မရှိဘူး

ကြီးကျယ်မှုတွေ မရှိတဲ့ ငါ့ဘ၀ထဲ
အဲဒီ ငကြီးကျယ်လေးပေါ့
ကြီးကြီးကျယ်ကျယ် ၀င်လာတာ

အခုတော့ …. ငါ့မှာ ……..
ကြီးကြီးကျယ်ကျယ် ပြုံးတတ်တဲ့
မင်း အပြုံးတွေရယ်
ကြီးကြီးကျယ်ကျယ် ရယ်တတ်တဲ့
မင်း ရယ်သံတွေရယ်ကို ……..
ကြီးကြီးကျယ်ကျယ် ချစ်ကဗျာတွေ ဖွဲ့လို့
ကြီးကြီးကျယ်ကျယ် မျှော်လင့်ချက်တွေနဲ့
ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မက်တတ်နေပြီကွဲ့

ငါကြီးကြီးကျယ်ကျယ် ချစ်ရတဲ့ ချစ်သူရေ ……
ငါ့ဘ၀ထဲ……
ကြီးကြီးကျယ်ကျယ်တွေ သယ်ဆောင်လာပြီး
ကြီးကြီးကျယ်ကျယ် ထွက်သွားဖို့တော့
စိတ်ကူးမလေနဲ့
ငါ ……
ကြီးကြီးကျယ်ကျယ် မရူးခင် ….
ငါနဲ့ တူတူ
ကြီးကြီးကျယ်ကျယ် အိပ်မက်တွေ မက်ပေးစမ်းပါ

အရဲ

In: ကဗျာ Posted By: Date: May 30, 2009
Comment #1

ဟာ..ကြီးကျယ်လိုက်တာဗျာ.. ဟီဟီး..
စိုင်းစိုင်းသီချင်းကိုသွားသတိရတယ်.. ခင်ကြီးကျယ်.. အဟိ..
မိုက်တယ်.. အောက်ဆုံးအပိုဒ်လေးကြိုက်တယ်ဗျ.. 😀

commentinfo By: Kitty Yang at May 30, 2009
Comment #2

စိုင်းစိုင်းသီချင်းကြားဖူးဘူး.. ရှိရင် ပေးပါလားဟင်..

commentinfo By: အရဲ at May 30, 2009
Comment #3

အဲဒီသီချင်းကြားရင် .. ဒီစားသားလို့ပဲထင်ထင်မိနေတယ်

ဖင် .. ဖင် .. ကြီးတယ် .. ဖင်ကြီးကျယ် ~

ဘာကောင်မှန်းကိုမသိဘူး

commentinfo By: thettwe at May 30, 2009
Comment #4

Lol..ko tt..

commentinfo By: အရဲ at May 30, 2009
Comment #5

အဟတ်… ဒီကဗျာရေးတုန်းက ကြီးကြီးကျယ်ကျယ် ဆိုတဲ့စကားလုံးကို copy လုပ်ထားဖို့ကောင်းတယ်… ပြန်သုံးဖို့လိုတိုင်း Paste ရုံပဲ 😛 အဟီး

commentinfo By: Ei Mon Soe at May 31, 2009
Comment #6

ဟီးဟီး.. အဲလိုပဲ ရေးခဲ့တာ.. 😛

commentinfo By: အရဲ at May 31, 2009
Comment #7

ဘာတွေ ရေးထားမှန်းကို မသိပါဘူး။ စကားလုံးတွေကတော့ ကြီးကျယ်ပါပေတယ်။ ဒါပေါ့လေ ဒါတွေပဲ ရေးထားတာဆိုတော့။ ကဗျာကတော့ …. … အင်း ကောင်းပါတယ် ကောင်းပါတယ် ကောင်းပါတယ်။ ဆက်ရေးပါ ဒီအတိုင်းဆို နောက်တပုဒ် ရေးပြီးရင် သေချာပြီ ပေါက်မှာ။ အားပေးတယ်နော် ဆက်ရေး

commentinfo By: chiron at May 31, 2009
Comment #8

လှောင်တယ်ပေါ့လေ.. ရပါတယ်ဗျာ.. ရှင်တို့ ခေတ်ဆိုတော့.. ကျုပ်မပါဘူးနော်.. 😀

commentinfo By: အရဲ at May 31, 2009
Comment #9

ဘာတွေကြီးပြီး ဘာတွေကျယ်နေလို့လဲဟင် …….

commentinfo By: pinky at May 18, 2010
Comment #10

ဒီကဗျာရေးဖို့ကြီးကျယ်ကျယ်moodတွေသွင်းရမှာပဲနော် 😛

commentinfo By: North star at May 18, 2010
Comment #11

ဘာပြောပြော Like တယ်ဗျာ……။…. ကြီးကြီးကျယ်ကျယ် Attraction ရှိတယ် ။:D

commentinfo By: Abon at Jun 22, 2010
Comment #12

ကြီးကြီးကျယ်ကျယ်အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 11, 2011
Comment #13

g g kye kye kyike dar

commentinfo By: ei lay at Jan 29, 2012
Comment #14

khan khan nar nar htet man arr pay twar par d shin
😛

commentinfo By: ei lay at Aug 24, 2012
Comment #15

😛
A yann kyike

commentinfo By: ei lay at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment