Professional Authors

လူကိုလူလို့ပဲမြင်ပါရန်

လူကိုလူလို့ပဲမြင်ပါရန်

အထက်စီးဆန်တဲ့ လေသံဆိုတာ မသိတောင်မသိပါ ဆိုတော့လည်းမဟုတ်
ဝေဖန်ရေးကို အရေးမစိုက်ကြောင်းပြောရင်းနဲ့ပဲ ဝေဖန်ရေးကိုသွေးကြောင်
ဝေဖန်ရေးကိုအထင်လွဲ ဝေဖန်ရေးကိုဖျောက်ပစ် ဝေဖန်ရေးကိုထုတ်လို့မရဖြစ်နေ
စိတ်သဘောထားချင်းမတိုက်ဆိုင် ပြောချင်တာကိုမတွေးပဲ ကိုယ့်အတွေးနဲ့  ကိုသာထင်လား
လူတစ်ယောက် ကဗျာတစ်ပုဒ်ကို အဲ့ဒီလို ဖယ်ပစ်လိုက်ဖို့လွယ်လား…ပြီးသွားလိမ့်မယ်
တကယ်တော့ကျုပ်လွန်လိမ့်မယ် ကျုပ်ကလည်း ကျုပ်အဆင့်ကျော်သွားမိတယ်လို့
ခင်ဗျားကိုပြောလိမ့်မယ် ပြီးရင် ဖြစ်သင့်တာတွေ ဆက်ဖြစ်သွားလိမ့်မယ်
ဒါပေမယ့် ခင်ဗျားစိတ်က အဲ့ဒီလောက်တောင်မရှိပါလား
ခင်ဗျား သိပ်ရယ်စရာ သနားစရာပါလား
အဲ့ဒီတော့ ကျုပ်ရယ်လိုက်တယ် ခင်ဗျားကို သနားမိတယ်
ခင်ဗျားလည်း ကျုပ်ကိုပြန်ရယ်ပါ ပြန်သနားပါ
ဘာကြောင့်လဲ ဆိုတာကိုတော့ ခင်ဗျားသိမှာပါ
ကျုပ်ကတော့ ခင်ဗျားကြောက်လို့ ပြေးသွားတယ်လို့ ပဲ မြင်ပါတယ်…ပြီးသွားပြီ…။

မြေနံ့
၂၅.၁၀.၂၀၁၂

In: ကဗျာ Posted By: Date: Nov 17, 2012
Comment #1

မြေနံ့
အရမ်းကောင်းတဲ့ ကဗျာလေးဖြစ်ပါတယ်
ကျွန်တော့်ကို ပေးဖို့ ယူလာခဲ့ပါနော်

commentinfo By: yaewintaung at Nov 22, 2012
Comment #2

ထို့ကြောင့် . . ကျုပ်ဒီနေ့ ညည်းကဗျာတွေပဲ ((((ထပ်)))) ဖတ်ချင်နေတယ် ။

commentinfo By: မိငြိဏ်းခက် at Feb 7, 2013
Comment #3

နေ့တိုင်း ဖတ်…:P

commentinfo By: sofarawayfromyou at Feb 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment