Professional Authors

sedative n benjamin

sedative n benjamin

လူတွေနဲ့ သိပ်မပတ်သက်ချင်သလိုစိတ်တွေ တစ်ခါတစ်လေဖြစ်လာ
တစ်ခုခုကို ကောင်းစေချင်တဲ့စိတ်တွေ တစ်ခါတစ်လေဖြစ်လာ
ကောင်းတဲ့လူတစ်ယောက်ရဲ့ စိတ်တွေ တစ်ခါတစ်လေဖြစ်လာ
မေ့ခွင့်ပေးပါ မှားခွင့်ပေးပါ လွတ်လပ်ခွင့်ပေးပါ
ထွက်ပြေးချင်တဲ့စိတ်တွေ …
ပုံမှန်အတိုင်းသာဖြစ်ချင်ပါတယ် ဖြစ်ပါရစေ
ပျောက်ကွယ်ချင်တဲ့စိတ်တွေ…
မသွားပါရစေနဲ့ မသွားချင်ဘူး

ဘာလို့ပြေးနေရမှန်းမသိတဲ့အရာတွေကို လူတွေလိုက်နေကြတာဘာလို့လဲ
ဘာလုပ်ခဲ့မိမှန်းမသိ ဘာကြောင့်အမုန်းခံနေရလဲမသိ
ဘာအဓိပ္ပါယ်တွေနဲ့လည်းမသိ မသိ မသိ ဘာမှမသိ
အဲ့ဒီ ဘာမှမသိတဲ့အရာတစ်ခုကို ဘာလို့သိဖြစ်နေခဲ့သလဲ
ဘာကြောင့်နေနေခဲ့သလဲ…အတ္တရူးနေလို့ပဲ
ပါးသိုင်းမွှေးနဲ့ မျက်လုံးနက်တွေကြောင့်ပဲ
တစ်လမ်းတည်း သွားလို့မရလို့ပဲ
အသံထွက်လို့မရလို့ပဲ ဂျေရုဆလင်…
ထပ်ပြောလို့လည်း သက်ပြင်းတွေသာရှိတဲ့အခါ
လက်တွေတိတ်သွားတယ်…

မြေနံ့
၂၁.၈.၂၀၁၂

In: ကဗျာ Posted By: Date: Nov 17, 2012
Comment #1

ဘာလို့ပြေးနေရမှန်းမသိတဲ့အရာတွေကို လူတွေလိုက်နေကြတာဘာလို့လဲ
ဘာလုပ်ခဲ့မိမှန်းမသိ ဘာကြောင့်အမုန်းခံနေရလဲမသိ
ဘာအဓိပ္ပါယ်တွေနဲ့လည်းမသိ မသိ မသိ ဘာမှမသိ
အဲ့ဒီ ဘာမှမသိတဲ့အရာတစ်ခုကို ဘာလို့သိဖြစ်နေခဲ့သလဲ
ဘာကြောင့်နေနေခဲ့သလဲ…အတ္တရူးနေလို့ပဲ
ပါးသိုင်းမွှေးနဲ့ မျက်လုံးနက်တွေကြောင့်ပဲ
တစ်လမ်းတည်း သွားလို့မရလို့ပဲ
အသံထွက်လို့မရလို့ပဲ ဂျေရုဆလင်…
ထပ်ပြောလို့လည်း သက်ပြင်းတွေသာရှိတဲ့အခါ
လက်တွေတိတ်သွားတယ်…

ရွှေကြယ်မိုးမှ ကွန်းမန့်ပေးခဲ့ပါသည်….။

commentinfo By: yaewintaung at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment