Professional Authors

သစ္စာ ၃

မမြင်နိုင်အောင်
ငါ ကိုယ်တိုင် ရိတ်သိမ်းခဲ့ပါတယ် . . . .

မငိုနိုင်အောင်
အိပ်မက်တွေ ကို ရိုက်ချိုးခဲ့တယ် . . . .

မလိုက်လျောနိုင်အောင်
ငါ ကိုယ်တိုင် ကျိုးနွံခဲ့တယ် . . . .

မနာကျင်နိုင်အောင်
နှလုံးသားကို မြေမြှုပ်ထားတယ် . . . .

လိုချင်ခဲ့တဲ့ မေတ္တာတရားရဲ့ အစိတ်အပိုင်းအတွက်
ကြင်နာတာ ဟာ ဟန်ဆောင်တာ
ဟန်ဆောင်တာ ဟာ နာကျင်စေတယ် . . . .
ထာဝရ တိုင်
ဒဏ်ရာတွေ ဟာ အမာရွတ်လေး အဖြစ်ကျန်ခဲ့မယ် . . . .
သေဆုံးသွားသည့်တိုင် ရှိနေမယ့် အမာရွတ်လေးက နင် . . . .
ငါ ထာဝရ တိုင် မြတ်နိုးသွားမယ် . . . . ။

In: ကဗျာ Posted By: Date: Jun 4, 2010
Comment #1

လန်ထွက်နေတာပဲဗျာ … ကောင်းလိုက်တဲ့စာသားတွေ .. လူဆိုးအတုယူသွားတယ်နော် .. ဟိဟိ

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment